ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးသုတေသနဦးစီးဌာနက လှည်းကူး မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး Implementation Pilot Study: The Application of Telemedicine as a Tool for Population-based cancer registry in Hlegu Township, Yangon Region, Myanmar သုတေသနလုပ်ငန်းတွင် အသုံး ပြုနိုင်ရန်အတွက် ကင်ဆာရောဂါမှတ်ပုံတင် Application ထည့်သွင်းထားတဲ့ တယ်လီဖုန်းများ ပေး အပ်ပွဲကို ၂၀၁၇ ခုနှစ်၊ မေလ ၁၀ ရက်က လှည်းကူးမြို့နယ်ရှိ ပြည်သူ့ဆေးရုံမှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ Application ကို DMR Application လို့ အမည်ပေးထားပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေသာ သုံးစွဲခွင့်ရမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက ရရှိလာတဲ့ကင်ဆာရောဂါ ဝေဒနာ ရှင်တွေရဲ့ပတ်သက်တဲ့အချက်အလက်တွေကို ဆေးသုတေသနဦးစီးဌာနနဲ့ အွန်လိုင်းကနေ တိုက်ရိုက်ချိတ်ဆက်မေးမြန်းတိုင်ပင်နိုင်မှာဖြစ်ပါတယ်။ ဆေးသုတေသနဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်စောအေးက “ဒီကင်ဆာ Registry ကို တစ်ပြည်လုံးအတိုင်း အတာ ထိ လုပ်သွားမယ်၊ ဒီတယ်လီကွန်းနဲ့ ကင်ဆာ Registry လုပ်တာ ပထမဆုံးအကြိမ်မှာ ကျွန်မတို့ ပင်ပင်ပန်းပန်းလုပ်ရမယ်။
Technology ရော ဘာရော လုပ်ရမယ်။ နောက်ပိုင်းကျရင် လွယ်သွားမယ်ဆိုရင် ပိုက်ဆံကုန်သက်သာမယ်၊ အချိန်ကုန် သက်သာမယ်၊ လူအင်အားလည်း သက်သာမယ်။ ကျွန်မတို့မှာ ဆေးရုံရော လူကအစ အင်အားနည်းနေတယ်။ လူအင်အားနည်း နည်းလေးနဲ့ ရမယ်ဆိုတဲ့ အကျိုးကျေးဇူးတွေကို ရမယ်။ ကျွန်မတို့ DMR တင် မဟုတ်ပါဘူး၊ ကင်ဆာရောဂါနဲ့ပတ်သက်လို့ ဆောင်ရွက်ပေးနေတဲ့ လူမှု့အဖွဲ့အစည်းတွေရောပါ ပါလာမယ်” လို့ ပြောပြခဲ့ ပါတယ်။
အဲဒီနောက် ကင်ဆာရောဂါမှတ်ပုံတင် DMR Application အသုံးပြုပုံ၊ သိထားသင့်တဲ့ အချက်အလက်တွေနဲ့ပတ်သက်လို့ OnDoctor Co.,Ltd. ရဲ့ CEO ဖြစ်သူ ဒေါက်တာထက်ဇံလင်းက လှည်းကူးမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းတွေကို ရှင်းလင်းပြသပေးခဲ့ပါတယ်။