အကောင်းဆုံး လုပ်ငန်းခွင်
လွန်ခဲ့သောနှစ်က အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သော “Great Place to Work Conference ” တွင် စတန့်ဖို့ဒ်တက္ကသိုလ်မှ ဒေါက်တာဂျက်ဖ်ဖရီဖက်ဖ်ဖာက အခမ်းအနား၏ အဓိကမိန့်ခွန်းကို ပြောကြားရာတွင် ”အလုပ်လုပ်ကိုင်ရာတွင် သက်သောင့်သက်သာ အဆင်ပြေပြေရှိစေသောလုပ်ငန်းခွင်ကို တည်ဆောင်ပေးသောကုမ္ပဏီများသည် အလုပ်သမား၏ ကာယ၊ ဥာဏကျန်းမာရေးကို မြှင့်တင်ပေးနေသည်သာမကသေး ထိုသူ သက်တမ်းရှည်စွာနေထိုင်နိုင်ရေးကိုပါ ပံ့ပိုးမတည်ပေးနေ ခြင်းဖြစ်သည်”ဟု ထည့်သွင်းပြောကြားခဲ့သည်။ ကျန်းမာရေးနှင့်မညီညွတ်သောလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်ရမှုကြောင့် အလုပ်သမားများ သင့် ရသော ဘေးဘယာရောဂါများ ကုသရခြင်းကြောင့် နှစ်စဉ်ကျန်းမာရေးစရိတ် ဒေါ်လာဘီလီယံ ၁၃၀ မျှ ကုန်ကျရပြီး လူ ၁၂၅,၀၀၀ ကျော် သေဆုံးရလေ့ရှိသည်ဟု သုသေသီများက ဆိုသည်။ လုပ်ငန်းခွင်ကျန်းမာရေးအကြောင်း ပြောဆိုလျှင် အလုပ်သမားများ ကာယလေ့ကျင့်ခန်းများ လုပ်နိုင်ရေး၊ အဟာရ ပြည့်ဝသောနေ့လယ်စာများ ကျွေးမွေးရေး၊ ဖျားနာလျှင်ကုသနိုင်ရေးတို့ကိုသာ…