Safety First ဆိုတဲ့စာသားကို ဆိုင်းဘုတ်သက်သက် မဖြစ်စေချင်ပါ

International Labour Organization (ILO) ရဲ့ ထုတ်ပြန်ချက်တွေအရ တစ်ကမ္ဘာလုံး ၁၅ စက္ကန့် တိုင်းမှာ အလုပ်သမား ၁၅၃ ယောက် လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုတွေကို ရင်ဆိုင် နေရသလို နေ့တိုင်း လူ ၆,၃၀၀ ဟာ အလုပ်နဲ့ဆက်စပ်နေတဲ့ ထိခိုက်မှုတွေ၊ ရောဂါဘယတွေ ကြောင့် သေဆုံးမှုတွေ ရှိနေဆဲပါ။ အလုပ်သမားတွေထိခိုက်မှု၊ ရလာတဲ့ရောဂါတွေ ကုသရခြင်းကြောင့် နှစ်စဉ်ကျန်းမာရေးစရိတ် ဒေါ်လာဘီလီယံ ၁၃၀ မျှ ကုန်ကျရတယ်လို့ နိုင်ငံတကာသုတေ သီတွေက ဆိုထားပါတယ်။ အဲဒီအဖြစ်အပျက်တွေရဲ့ အကျိုးဆက်ရလဒ်ကတော့ လုပ်ငန်းခွင်ပျက် ကွက်မှုအထိ သက်ရောက်သွားခဲ့သလို ကုန်ထုတ်လုပ်မှုစွမ်းအားတွေ လျော့ကျလာလေ စီးပွား ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခက်အခဲတွေ ပိုရှိလာလေပါပဲ။ မြန်မာနိုင်ငံမှာလည်း အရင်ခေတ်တွေက ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးကို…