ရောဂါဘယကို အရှုံးမပေးခဲ့သော ခေါင်းဆောင်များ
၂၀၁၆ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလ၊ 9/11အကြမ်းဖက်မှု ၁၅နှစ်မြောက်အမှတ်တရနေ့တွင် သမ္မတလောင်းဟီလာရီကလင်တန်သည် ထိုအထိမ်းအမှတ်အခမ်းအနား တက်ရောက်စဉ် ရုတ်ရက်မူးဝေပြီး အခန်းအနားမှပြန်ခဲ့ရသောကြောင့် တိုင်းပြည်၏ နံပါတ် တစ်ခေါင်း ဆောင်ဖြစ်ရန် ရည်သန်နေသော သူ၏ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ စောကြောစရာဖြစ်ခဲ့ရ သည်။ သို့သော် ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းကို ကြည့်လျှင် ခေါင်းဆောင်အတော်များများသည်သူတို့၏ရောဂါဘယကို စာဖွဲ့လောက်စရာမဟုတ်ဟု သဘောထားဟန်ရှိသည်။ သာမန်လူတို့က နာတာရှည်လူနာအဖြစ် တငြီးငြီးတငြူငြူဖြစ်နေမည့်ရောဂါမျိုးကို သူတို့က ဦးမညွတ်သည်ကိုတွေ့ရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ စွမ်းစွမ်းတမံ အရှိခဲ့ဆုံးပုဂ္ဂိုလ်တစ်ဦးကား အမေရိကန်ပြည်သူတို့ အကြည်ညိုခဲ့ကြဆုံး၊ အားအကျခဲ့ဆုံး သမ္မတတဦးဖြစ်ခဲ့သူ ဂျွန်အက်ဖ်ကနေဒီ ပင်ဖြစ်သည်။ ကနေဒီ သည် ၁၉၆၀ ပြည့်နှစ်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့်ကာလတွင် အသက် ၄၃ နှစ်အရွယ်သာရှိခဲ့သေးသည်။ အများပြည်သူတို့အမြင်တွင် ကျန်းမာကြံ့ခိုင်သောလူရွယ်၊ နိုးကြွားတက်ကြွနေသောသူတယောက်ဖြစ်နေခဲ့သည်။ ထိုအသွင်ပေါက်နေအောင်လည်း ဂရုတစိုက်ပုံဖမ်းထားခဲ့သည်။ တကယ်တမ်းတွင်…