ရောဂါဘယကို အရှုံးမ​ပေးခဲ့​သော ​ခေါင်း​ဆောင်​များ (၂)

“စိတ်​​ထောင်း၍ ကိုယ်​​ကြေ” ဟု ဆိုရိုးပြုကြသည်​။ “စိတ်​​ဆောင်​၍​ အောင်​သည်​” ဟုလည်း ဆိုတတ်​ကြ သည်​။ ကိုယ်​​ကြေ​​နေသည့်​တိုင်​​အောင်​ စိတ်​​ဆောင်​၍​ အောင်​မြင်​​အောင်​ကြိုးစားခဲ့သူတစ်ဦးကို ပြပါဟု ဆိုလျှင် ​အ​မေရိကန်​နိုင်​ငံ၏ ၃၂ ဆက်​​မြောက်​ သမ္မတဖရန့်​ကလင်းရုစဘဲ့လ်​ကိုပင်​ ပြရေ​ပမည်။ အ​မေရိ ကန်​နိုင်​ငံသားတို့သည် ​ဖရန့်​ကလင်းရုစဘဲ့လ်​အား သူတို့၏ အ​တော်​ဆုံးသမ္မတသုံးဦးမှတစ်​ယောက်​ အဖြစ်​ ဂုဏ်တင်တတ်​ကြသည်​။ ဂုဏ်​တင်​ထိုက်​သည်​ကလည်း အမှန်​ပင်​။ ရုစဘဲ့လ်​သည်​ သူ၏နိုင်​ငံ​ရေး သက်​၂၄ နှစ်တာကာလတွင် ​ဂိလာနဟုဆိုရ​လောက်​​အောင် ​​ရောဂါဖိစီးမှု ခံ​နေခဲ့ရသည်​။ သို့တိုင်​ သူသည်​ ဒုတိယကမ္ဘာစစ်​ကာလအတွင်း အ​မေရိကန်​နိုင်​ငံအား ပီပြင်​စွာ​ ခေါင်း​ဆောင်​နိုင်​စွမ်းခဲ့သည်​။ မည်​သူမှ သမ္မတသက်​တမ်းနှစ်​ခုထက် ​ပို၍သမ္မတအဖြစ်​ထမ်း​ဆောင်​ခွင့်​မရှိဟု ပြဌာန်းထား​သော အ​ခြေခံဥပ​ဒေကို ကျင့်​သုံး​သောနိုင်​ငံတွင် ​​လေးကြိမ်​ဆက်​တိုက်​သမ္မတအဖြစ်​​ ရွေး​ကောက်​တင်​​မြှောက်​ခံခဲ့ရသည်​။ ရုစဘဲ့လ်​သည် ​၁၉၂၁ ခုနှစ်​၊ အသက်​၃၈နှစ်​အရွယ်​တွင် ​ပိုလီယို​ရောဂါပြင်းထန်​စွာခံခဲ့ရသည်​။ ပိုလီယို​ကြောင့်​…