OnDoctor (ကျန်းမာရေးအမေးအဖြေ) ရဲ့ Creating a Better World through Health Education ဆောင်ပုဒ်နဲ့အညီ ပထမဆုံးခြေလှမ်းတစ်ရပ်အနေနဲ့ ရန်ကုန်မြို့ရှိ မေရီချက်(ပ်)မင်း နားမကြားသောကလေးများကျောင်း၊ လူမှုဝန်ထမ်းဝန်ကြီးဌာန လက်အောက်ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းတို့တွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုပံ့ပိုးပေးနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်က သွားရောက် တွေ့ဆုံခဲ့ပါတယ်။
အဆိုပါ ကျောင်းများရှိတာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ကျန်းမာရေးဆိုင်ရာ မေးခွန်းများ မေးမြန်းပုံ၊ ကျန်းမာရေး အသိပညာ ဗဟုသုတတွေကို OnDoctor (ကျန်းမာရေးအမေးအဖြေ) ရဲ့ Website ၊ Facebook Page ၊ Viber Public Chat နဲ့ Mobile app စတာတွေကနေ အွန်လိုင်းကနေတစ်ဆင့် အခမဲ့ ဖတ်ရှုလေ့လာနိုင်ကြောင်း ရှင်းပြပြောဆိုခဲ့ပါတယ်။
နောက်ပိုင်းတွင်လည်း OnDoctor (ကျန်းမာရေးအမေးအဖြေ) က အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေ၊ ပရဟိတအသင်းအဖွဲ့တွေ၊ ပညာဒါန အခမဲ့စာသင်ကျောင်းတွေကို ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွေ ဆောင်ရွက်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။