ဆေးခန်းဖွင့်ရတဲ့ရည်၇ွယ်ချက်ကတော့ ကိုယ်တတ်ထားတဲ့ ဆေးပညာကို ပြည်သူလူထုအကျိုးပြုလုပ်ငန်းလေးတစ်ခုကို တစ်ထောင့်တစ် နေရာကနေပါဝင်ချင်တာရယ်၊ တိုင်းပြည်ပြန်လည်တည်ဆောက်နေတဲ့အချိန်မှာ ကျန်းမာရေးကဏ္ဍအတွက် ကိုယ်နိုင်တဲ့ကဏ္ဍကနေ နှမ်းတစ် စေ့ပဲဖြစ်ဖြစ်၊ ဆီဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ရည်၇ွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာ ကျော်စွာဦးက ဆိုပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလဆန်းပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ရောင်ခြည်သစ်ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းဟာ အခုဆိုရင် လေးနှစ်ကျော် သက်တမ်းရှိခဲ့ပါပြီ။
“လက်ရှိအဓိက အခက်အခဲကတော့ ဘဏ္ဍာငွေ ပြဿနာပါ။ အရင်ဆုံးကတော့ လူနာတွေကို နှစ်ပတ်စာ၊ တစ်ခါတလေ တစ်လစာ တောင် ဆေးတွေ ပေးနိုင်ခဲ့တယ်။ ဒီ လေးငါးခြောက်လအတွင်းမှာ မပေးနိုင်တော့ဘူး၊ ကျွန်တော်တို့က နှစ်ပတ်တော့ ပြန်ချိန်းတယ်။ တစ်ပတ်စာ ပေးတယ်၊ နောက်တစ်ပတ်စာကိုတော့ ၀ယ်သောက်ခိုင်းတယ်။ အလှူရှင်တွေကလည်း ပန်းလာပြီ။ ကျွန်တော်တို့ တစ်ခုတည်း တင် မဟုတ်ပါဘူး၊ တခြားလှူဒါန်းထားတဲ့နေရာတွေလည်း ရှိတယ်။ ဒေါက်တာရွှေထွန်းတို့ မိတ်ဆွေအဖွဲ့က ကျွန်တော်တို့ကို လစဉ်ခြောက်သိန်း လှူဒါန်းထားတယ်။ လစဉ်လှူဒါန်းကြတဲ့ အလှူရှင်တွေလည်း ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် လစဉ်ရတဲ့ အလှူငွေ လေး၊ငါး၊ ဆယ်သိန်းနဲ့ ရပ်တည်နိုင်လို့ ရနေသေးတယ်၊ တချို့လတွေကျတော့ ဆေးကုမ္ပဏီတွေက လှူဒါန်းပေးကြပါတယ်။ တကယ်လို့ ဘဏ္ဍာငွေ အဆင်ပြေ တယ်ဆိုရင် ကျွန်တော်တို့အရင်လို နှစ်ပတ်စာ ပေးနိုင်အောင် လုပ်ပေးသွားမှာပါ” လို့ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ဆေးခန်း တည်ထောင်သူ ဒေါက်တာကျော်စွာဦးက ပြောပြခဲ့ပါတယ်။
ရောင်ခြည်သစ် ကုသိုလ်ဖြစ်အခမဲ့ ဆေးခန်းမှာ တစ်ရက်ကို ပျမ်းမျှ ဆရာဝန် နှစ်ဦးခန့် ပုံမှန်ဆေးခန်းထိုင်ပေးကြပြီး သွားနဲ့ ခံတွင်း ရောဂါ ကုသရေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့မှာ မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီ၊ မျက်စိရောဂါဝေဒနာရှင်တွေအတွက် တစ်လလျှင် တစ်ပတ်ခြား ကြာသပတေးနေ့မှာ ညနေ ၄ နာရီ ကနေ ၅ နာရီ၊ အထွေထွေ ရောဂါ ကုသရေးအတွက် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ အခမဲ့ ကုသပေးလျှက်ရှိပါတယ်။ လိပ်စာကတော့ အမှတ် ၃၇၇၊ စံပြ ၁ လမ်း၊ စံပြရပ်ကွက်၊ စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားပြီး ဖုန်းနံပါတ် ၀၉ ၅၁၀၈၈၄၁၊ ၀၉ ၄၅၀၀ ၂၅၉ ၈၀ တို့ကို ဆက်သွယ်နိုင်လှူဒါန်းနိုင်ပါတယ်။
ရောင်ခြည်သစ် ကုသိုလ်ဖြစ်အခမဲ့ ဆေးခန်းနဲ့ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က ပြည်သူတွေနဲ့ နိုင်ငံရပ်ခြားရောက် မြန်မာ ပြည်သူတွေအတွက် အခမဲ့ အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ထားတဲ့ OnDoctor Co., Ltd (ကျန်းမာရေးအမေးအဖြေ) တို့ ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှု အမှန်တကယ် လိုအပ်နေသူတွေအတွက် ၀န်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ထားပါတယ်။