ဝန်ထမ်းများနှင့် Absenteeism

Absenteeism ဆိုတာဘာလဲ ဝန်ထမ်းတစ်ဦးဟာ လုပ်ငန်းခွင်ကနေ အကြောင်းတစ်ခုခုကြောင့် ပုံမှန်ပျက်ကွက်နေခြင်းကို Absenteeism လို့ခေါ်ပါတယ်။ ဝန်ထမ်းတစ်ဦးအနေနဲ့ တစ်နှစ်မှာ ခွင့်ရက်အနည်းငယ် ယူခြင်းက ပုံမှန်အခြေအနေဖြစ်ပေမယ့် လိုအပ်တာထက်ပိုပြီး အလုပ်ပျက်ကွက်ခြင်း ကတော့ လုပ်ငန်းရဲ့ ကုန်ထုတ်လုပ်မှုကို ကျဆင်းစေပြီး ဘဏ္ဍာရေးပိုင်းကိုလည်း ထိခိုက်စေရုံသာမကပဲ အခြားသော ဆိုးကျိုးများကိုလည်းဖြစ်ပေါ်စေပါတယ်။  ဘယ်လိုအကြောင်းရင်းတွေက Absenteeism ကို ဖြစ်စေသလဲ Absenteeism ကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိတဲ့အနက် အောက်ပါအချက်တွေက အဓိကကျတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဝန်ထမ်းကိုယ်တိုင် နေထိုင်မကောင်းဖြစ်ခြင်း မိသားစုဝင်များ နေထိုင်မကောင်းဖြစ်သဖြင့် စောင့်ရှောက်ရခြင်း လုပ်ငန်းခွင်၌ ထိခိုက်ဒဏ်ရာရရှိခြင်း အလုပ်တာဝန်များပြားသောကြောင့် စိတ်ဖိစီးခြင်း စိတ်ဓာတ်ကျဆင်းခြင်း Absenteeism က လုပ်ငန်းခွင်ကို ဘယ်လိုထိခိုက်စေနိုင်သလဲ Absenteeism ဟာ အဓိကအားဖြင့် လုပ်ငန်းရဲ့ ထုတ်လုပ်နိုင်စွမ်းအား (productivity)…