အလှူရှင်တွေ လိုအပ်နေတဲ့ ရောင်ခြည်သစ် ကုသိုလ်ဖြစ်အခမဲ့ ဆေးခန်း
ဆေးခန်းဖွင့်ရတဲ့ရည်၇ွယ်ချက်ကတော့ ကိုယ်တတ်ထားတဲ့ ဆေးပညာကို ပြည်သူလူထုအကျိုးပြုလုပ်ငန်းလေးတစ်ခုကို တစ်ထောင့်တစ် နေရာကနေပါဝင်ချင်တာရယ်၊ တိုင်းပြည်ပြန်လည်တည်ဆောက်နေတဲ့အချိန်မှာ ကျန်းမာရေးကဏ္ဍအတွက် ကိုယ်နိုင်တဲ့ကဏ္ဍကနေ နှမ်းတစ် စေ့ပဲဖြစ်ဖြစ်၊ ဆီဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ရည်၇ွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာ ကျော်စွာဦးက ဆိုပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလဆန်းပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ရောင်ခြည်သစ်ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းဟာ အခုဆိုရင် လေးနှစ်ကျော် သက်တမ်းရှိခဲ့ပါပြီ။ “လက်ရှိအဓိက အခက်အခဲကတော့ ဘဏ္ဍာငွေ ပြဿနာပါ။ အရင်ဆုံးကတော့ လူနာတွေကို နှစ်ပတ်စာ၊ တစ်ခါတလေ တစ်လစာ တောင် ဆေးတွေ ပေးနိုင်ခဲ့တယ်။ ဒီ လေးငါးခြောက်လအတွင်းမှာ မပေးနိုင်တော့ဘူး၊ ကျွန်တော်တို့က နှစ်ပတ်တော့ ပြန်ချိန်းတယ်။ တစ်ပတ်စာ ပေးတယ်၊ နောက်တစ်ပတ်စာကိုတော့ ၀ယ်သောက်ခိုင်းတယ်။ အလှူရှင်တွေကလည်း ပန်းလာပြီ။ ကျွန်တော်တို့ တစ်ခုတည်း တင် မဟုတ်ပါဘူး၊ တခြားလှူဒါန်းထားတဲ့နေရာတွေလည်း…