လုပ်ငန်းခွင်အတွက် ဘေးကလူ

ကုရာနတ္တိ ဆေးမရှိဆိုတဲ့ ကြောက်မက်ဖွယ်ရာ ဆောင်ပုဒ်နဲ့အတူ မျှော်လင့်ချက်မရှိတော့တဲ့ ဘ၀တွေကို ပိုင်ဆိုင်ရတော့မယ်လို့ ခံယူထားတဲ့ HIV ရောဂါဝေဒနာရှင်တွေဟာ အခုဆိုရင် မျှော်လင့်ချက် အလင်းရောင်တွေကို မြင်တွေ့ နေရပါပြီလို့ ဆိုရမှာပါ။ ၂၀၁၄ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးမှာ HIV ရောဂါပိုးရှိသူ ၃၉ သန်းရှိခဲ့ရာကနေ ၂၀၁၅ ခုနှစ်တွင် ရောဂါပိုးရှိသူဦးရေ ၃၆.၇ သန်းသာ ရှိခဲ့တဲ့အတွက် နောက်နှစ်တွေမှာ ဒီထက်ထပ်မံ လျော့နည်းသွားဖို့ မျှော်လင့်ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာလည်း HIV ရောဂါပိုးရှိသူ နှစ်သိန်းကျော် ရှိနေတယ်လို့ http://www.aidsdatahub.org ရဲ့ အချက်အလက်အရ သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း AIDS/ HIV ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတော်ရန်ပုံငွေ တိုးမြှင့်သုံးစွဲဖို့လျာထားပါတယ်။အဖက်ဖက်ကနေ အဆိုပါရောဂါကို တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေကြပေမဲ့ ရောဂါဝေဒနာရှင်တွေအတွက် ပြန်လည်ထူထောင်ရေးကဏ္ဍကိုလည်း ပစ်ပယ်ထားလို့ မရပါဘူး။…

အလှူရှင်တွေ လိုအပ်နေတဲ့ ရောင်ခြည်သစ် ကုသိုလ်ဖြစ်အခမဲ့ ဆေးခန်း

ဆေးခန်းဖွင့်ရတဲ့ရည်၇ွယ်ချက်ကတော့ ကိုယ်တတ်ထားတဲ့ ဆေးပညာကို ပြည်သူလူထုအကျိုးပြုလုပ်ငန်းလေးတစ်ခုကို တစ်ထောင့်တစ် နေရာကနေပါဝင်ချင်တာရယ်၊ တိုင်းပြည်ပြန်လည်တည်ဆောက်နေတဲ့အချိန်မှာ ကျန်းမာရေးကဏ္ဍအတွက် ကိုယ်နိုင်တဲ့ကဏ္ဍကနေ နှမ်းတစ် စေ့ပဲဖြစ်ဖြစ်၊ ဆီဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ရည်၇ွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာ ကျော်စွာဦးက ဆိုပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလဆန်းပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ရောင်ခြည်သစ်ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းဟာ အခုဆိုရင် လေးနှစ်ကျော် သက်တမ်းရှိခဲ့ပါပြီ။ “လက်ရှိအဓိက အခက်အခဲကတော့ ဘဏ္ဍာငွေ ပြဿနာပါ။ အရင်ဆုံးကတော့ လူနာတွေကို နှစ်ပတ်စာ၊ တစ်ခါတလေ တစ်လစာ တောင် ဆေးတွေ ပေးနိုင်ခဲ့တယ်။ ဒီ လေးငါးခြောက်လအတွင်းမှာ မပေးနိုင်တော့ဘူး၊ ကျွန်တော်တို့က နှစ်ပတ်တော့ ပြန်ချိန်းတယ်။ တစ်ပတ်စာ ပေးတယ်၊ နောက်တစ်ပတ်စာကိုတော့ ၀ယ်သောက်ခိုင်းတယ်။ အလှူရှင်တွေကလည်း ပန်းလာပြီ။ ကျွန်တော်တို့ တစ်ခုတည်း တင် မဟုတ်ပါဘူး၊ တခြားလှူဒါန်းထားတဲ့နေရာတွေလည်း…

ကင်ဆာရောဂါ မှတ်ပုံတင် Application Phone များ ပေးအပ်ပွဲ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးသုတေသနဦးစီးဌာနက လှည်းကူး မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး Implementation Pilot Study: The Application of Telemedicine as a Tool for Population-based cancer registry in Hlegu Township, Yangon Region, Myanmar သုတေသနလုပ်ငန်းတွင် အသုံး ပြုနိုင်ရန်အတွက် ကင်ဆာရောဂါမှတ်ပုံတင် Application ထည့်သွင်းထားတဲ့ တယ်လီဖုန်းများ ပေး အပ်ပွဲကို ၂၀၁၇ ခုနှစ်၊ မေလ ၁၀ ရက်က လှည်းကူးမြို့နယ်ရှိ ပြည်သူ့ဆေးရုံမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Application ကို DMR Application လို့ အမည်ပေးထားပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေသာ သုံးစွဲခွင့်ရမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက…