depression-at-work

စိတ်ကျရောဂါနဲ့ လုပ်ငန်းခွင်

စိတ်ကျရောဂါဟာ အသက်အရွယ်မရွေး လူတိုင်းဖြစ်ပွားနိုင်တဲ့ရောဂါမျိုးပါ။ ဒီနေ့ခေတ်မှာ ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်ရှားပါးလာမှုတွေနဲ့အတူ စိတ်ကျရောဂါ ခံစားရတာတွေဟာလည်း ပိုမိုများပြားလာပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၁၇၊ ဧပြီလ (၇) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးနေ့ရဲ့ ခေါင်းစဉ်အဖြစ် “စိတ်ကျရောဂါ” ကိုရွေးချယ်ထားပါတယ်။ လုပ်ငန်းရှင်တွေ၊ စီမံခန့်ခွဲမှုပိုင်း တာဝန်ယူထားသူတွေ အနေနဲ့လည်း စိတ်ကျရောဂါနဲ့ ပတ်သက်တာတွေကို သိရှိနားလည်ထားသင့်ပါတယ်။ စိတ်ကျရောဂါဟာ လုပ်ငန်းခွင်အပေါ် ဘယ်လောက်ထိ ရိုက်ခတ်နိုင်သလဲ လုပ်ငန်းခွင်မှာ ဝန်ထမ်းတစ်ချို့ အလုပ်လုပ်နိုင်စွမ်း ပုံမှန်ထက်ကျဆင်းနေတာမျိုးကို တွေ့ဖူးကြမှာပါ။ သူတို့ဟာ အလုပ်ကနေ မကြာခဏ ခွင့်ယူတာ၊ အလုပ်နောက်ကျတာ၊ အလုပ်ထဲစိတ်မပါတာတွေလည်း ဖြစ်လေ့ရှိကြပါတယ်။ ဒီလိုမျိုး ဝန်ထမ်းတွေဟာ စိတ်ကျရောဂါကို ခံစားနေကြရဖို့များပါတယ်။ လုပ်ငန်းခွင်အုပ်ချုပ်သူတစ်ယောက် အနေနဲ့ ဒီရောဂါတွေကို ကုသတတ်ဖို့မလိုပေမယ့် ရောဂါအကြောင်းကို နားလည်ထားဖို့တော့…

ပြည်သူ့ကျန်းမာရေးကို တီဘီရောဂါက ထပ်မံခြိမ်းခြောက်နေပြီလား

ပြီးခဲ့တဲ့ မေလ ၂၄ရက်က ကျရောက်ခဲ့တဲ့ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲအတွင်းဝန်ဒေါက်တာသက်ခိုင်ဝင်းက “မြန်မာနိုင်ငံမှာလည်း တီဘီ၊ HIV ၊ ဆေးယဉ်ပါးတီဘီရောဂါတွေဟာ ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်ရှိနေဆဲ ဖြစ်ပါတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လူဦးရေ ၅၄သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ နှစ်စဉ် တီဘီလူနာသစ် နှစ်သိန်းခန့်ဖြစ်ပွားနေတယ်ဟု ခန့်မှန်းထားပြီး (၂၀၁၂-၂၀၁၃) ခုနှစ် တတိယအကြိမ် ဆေးယဉ်ပါး တီဘီစစ်တမ်းအရ တီဘီလူနာသစ် ၅ ရာခိုင်နှုန်းဟာ ဆေးယဉ်ပါးတီဘီဖြစ်ပွားလျက်ရှိသည်ကို ထပ်မံတွေ့ရှိထားပါတယ်လို့ ဆိုပါသေးတယ်။ ၂၀၁၃ ခုနှစ်အတွင်း ဆေးယဉ်ပါးတီဘီလူနာတွေကို ဆေးကုသမှုအောင်မြင်နှုန်းမှာ ၈၃ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမယ့် ၂၀၁၄ခုနှစ်မှာ လူနာ ၁,၅၀၀ ကျော် ကိုသာ ကုသပေးနိုင်ခဲ့တယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ အချက်အလက် တွေက…