ဗျူဟာသစ်

ဒီဇင်ဘာညရဲ့ ည ၇ နာရီအချိန်။ ရန်ကုန်မြို့ကြီးက လှုပ်ရှားဆဲ၊ ပလက်ဖောင်းတွေကလူနင်းခံရမြဲ၊ ကားတွေက ကြိတ်ကြိတ်တိုးမြဲ။ ပုံမှန် ၁၀ မိနစ်ခန့်သာ ကြာတဲ့ မီးပွိုင်တွင် ၃ခါပြန်မိပြီးနာရီဝက်ကြာနေသောကြောင့် BRT Bus ပေါ်တွင် ခရီးသည်များ လှုပ်စိလှုပ်စိယွစိယွစိဖြစ်နေကြသည်။ အိမ်ပြန်နောက်ကျတော့မည်။ မတ်တပ်ရပ်ရတာ ညောင်း လှပြီ။ ဆရာမတစ်ယောက် ဂိုက်သင်ချိန် ရွှေ့လိုက်ရပြီ။ ဆူညံဆူညံလူစုနဲ့ကင်းကွာပြီး နောက်ဆုံးတန်းမှန်ဘေးခုံတွင်ငြိမ်ငြိမ်လေးကွေးပြီး ငြိမ်ငြိမ်လေးတွေး နေသည်က ကိုသက်နိုင်ဖြစ်သည်။ မျက်လုံးအကြောင်သားဖြင့် တုတ်တုတ်မျှမလှုပ်။ သက်ပြင်းသာ ငါးမိနစ် တစ်ခါချ မနေရင် ဘေးနားကလူက သူရှိမှန်းပင် သတိထားမိမည်မဟုတ်။ ကားပိတ်သည့်ကိစ္စထက် သူ ဆယ်ဆခန့် စိတ်ညစ်နေသည်။ အကြောင်းက နှစ်ကုန်တွင် Marketing Plan တင်ရမည့် အစည်းအဝေးကြောင့် ဖြစ်သည်။ ဆုပေးဒဏ်ပေးဖြစ်သောကြောင့် သူအမှန်အကန် စဉ်းစားနေရသည်။…