ဒီဇင်ဘာညရဲ့ ည ၇ နာရီအချိန်။
ရန်ကုန်မြို့ကြီးက လှုပ်ရှားဆဲ၊ ပလက်ဖောင်းတွေကလူနင်းခံရမြဲ၊ ကားတွေက ကြိတ်ကြိတ်တိုးမြဲ။
ပုံမှန် ၁၀ မိနစ်ခန့်သာ ကြာတဲ့ မီးပွိုင်တွင် ၃ခါပြန်မိပြီးနာရီဝက်ကြာနေသောကြောင့် BRT Bus ပေါ်တွင် ခရီးသည်များ လှုပ်စိလှုပ်စိယွစိယွစိဖြစ်နေကြသည်။ အိမ်ပြန်နောက်ကျတော့မည်။ မတ်တပ်ရပ်ရတာ ညောင်း လှပြီ။ ဆရာမတစ်ယောက် ဂိုက်သင်ချိန် ရွှေ့လိုက်ရပြီ။
ဆူညံဆူညံလူစုနဲ့ကင်းကွာပြီး နောက်ဆုံးတန်းမှန်ဘေးခုံတွင်ငြိမ်ငြိမ်လေးကွေးပြီး ငြိမ်ငြိမ်လေးတွေး နေသည်က ကိုသက်နိုင်ဖြစ်သည်။ မျက်လုံးအကြောင်သားဖြင့် တုတ်တုတ်မျှမလှုပ်။ သက်ပြင်းသာ ငါးမိနစ် တစ်ခါချ မနေရင် ဘေးနားကလူက သူရှိမှန်းပင် သတိထားမိမည်မဟုတ်။ ကားပိတ်သည့်ကိစ္စထက် သူ ဆယ်ဆခန့် စိတ်ညစ်နေသည်။ အကြောင်းက နှစ်ကုန်တွင် Marketing Plan တင်ရမည့် အစည်းအဝေးကြောင့် ဖြစ်သည်။ ဆုပေးဒဏ်ပေးဖြစ်သောကြောင့် သူအမှန်အကန် စဉ်းစားနေရသည်။
ပထမဆုံးပေါ်လာသည်က Billboard ထောင်ဖို့။ မိမိဘာသာစဉ်းစားကြည့်သည်။ ရုံးအသွားလမ်းရှိ Billboard တွေတွင် ဘာကုန်ပစ္စည်းတွေကြော်ငြာထားမှန်း သူသတိမပြုမိ။ ခုနောက်ဆုံးမြင်ခဲ့တာပင် သူ မမှတ်မိ။ ဒုတိယ TV ကြော်ငြာ။ ကြည့်ရှုသူနည်းလာသည်ဟု ထင်မိသည်။ လူတိုင်းလိုလို ဖုန်းရှိလာသော ခေတ်တွင် ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ သီချင်းကို ဒေါင်းကြည့်ကြသည်။ တတိယ FM ။ Channel တွေ များလွန်း နေသည်။ ခုပင်ကြည့် ကားဆရာက ငါးမိနစ်တစ်ခါ လိုင်းပြောင်းနေသည်။
မှန်ပြတင်းအပြင်ဘက်ကို ငေးရာမှာ မျက်စိ ခွာရင်း ကားပေါ်ကလူတွေကိုလှမ်းကြည့်မိသည်။ ဒီလူတွေ မျက်စိထဲဝင်အောင် ငါဘယ်လိုကြော်ငြာမလဲ။ သူတို့ အာရုံစူးစိုက်တာ ဘာလဲ။ ကားစီးသူ လေးပုံသုံးပုံနီးပါးက ဖုန်းထဲမှာ နှာခေါင်းနှစ်ထားကြသည်။ ကတောင်ကတင်ဖြင့် စာတွေဝင်၊ နိုတီတွေတက်နေကြသည်။ ဟုတ်ပြီ။ လူတွေအာရုံစိုက်တာ ဖုန်း။ ဖုန်းထဲမှာမှာ အသုံးအများဆုံး App က Facebook။ ပြီးတော့ သူနဲ့တွဲလျက် Messenger။ မနက်က ဖတ်လိုက်ရသောသတင်းတစ်ခုတွင် မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူ ၁၁ သန်း ရှိနေပြီဖြစ်တဲ့အကြောင်း။ သူ အစကို ဖမ်းမိလိုက်သည်။ Facebook တွင် ကြော်ငြာမည်။ သို့သော် ဘယ်လို ကြော်ငြာမှာလဲ။
မိမိတို့ကုမ္ပဏီက OTC ဆေးတွေ တင်သွင်းနေတာဖြစ်သည်။ ဒီတော့ သူ Target ထားရမည်က ကျန်းမာရေး Page တွေ။ Serch Box တွင် ကျန်းမာရေးဟု ရိုက်ထည့်လိုက်တော့ နာမည်တွေ တန်းစီပြီး ကျ လာသည်။ Data တွေ ဝင်ကြည့်တော့ တစ်နေရာတွင် သူစိတ်ဝင်စားလောက်သော အချက်သွားတွေ့သည်။ တစ်နေ့ကို မေးမြန်းသူ ၄၀၀၊ တစ်လမေးမြန်းသူ ၁၂,၀၀၀၊ ဆောင်းပါးဝင်ဖတ်သည့် အကြိမ်ရေ ၄.၅သန်း ရှိသည်ဆိုသောအချက်က မဆိုး။ တကယ်ကို မဆိုးလှ။
ဒီ Page တွင် ဘယ်လိုကြော်ငြာ၍ ရနိုင်မည်လဲ ဝင်ကြည့်မိသည်။ Partner အဖြစ်ပူးပေါင်းနိုင်မည်။ ဆောင်းပါးတွေတွင် ကြော်ငြာထည့်နိုင်မည်။ တစ်ယောက်ချင်းစီမေးသမျှ Messenger Chat Box တွင် ကြော် ငြာနိုင်မည်။ ဒါ့အပြင် မေးသူတွေက OTC တောင်းသည့်အခါ ဘေးနားရှိမိမိတို့ဆေးအား အလွယ်တကူတွေ့မြင် နိုင်မည်ဖြစ်သည်။
ဝမ်းသာအားရလေသံဖြင့် ထအော်မိတော့။ “ဒီအခြေအနေကို အတော်ကျေနပ်နေသလား” ဟူသော အရှိန်ပြင်း ပြင်း မျက်စောင်းများ စုပြုံရောက်လာသည်။
သို့သော် သူ မမှုအား။ တင်ပြစရာ Marketing Plan ရှိသွားပြီဖြစ်သောကြောင့် အရာရာကို ကျေနပ် နိုင်သွားပြီဖြစ်သည်။