ပူးပေါင်းပါဝင်ကူညီစို့
“လူရယ်လို့ဖြစ်လာရင် အတ္တရိတနဲ့ ပရဟိတဆိုတာ မျှရတယ်” “ဟုတ်ကဲ့” ဝေလင်းတစ်ယောက် အဖေပြောသည်ကိုဘုမသိဘမသိနှင့် ခေါင်းငြိမ့်လိုက်သည်။ ဘာကိုဆိုလိုမှန်း တော့ မသိသေး။ “မင်းတို့လူငယ်တွေ ပရဟိတလုပ်တာ သိပ်နည်းလွန်းတယ်။” ဘာကိုပြောချင်၍ စကားဦးသန်းနေသည်မသိ။ အခုထိ နားမလည်သေး။ “ငါတို့မင်းတို့အရွယ်တုန်းကဆိုလျှင် လူမှုရေးလုပ်ငန်းတွေမှာ တတပ်တအားပါနေပြီ။ မင်းအခု ကြည့် စမ်း ကျောင်းပြီးကတည်းက အလုပ်ထဲ မင်းဝင်တယ်။ မင်းလူမှုရေးလုပ်တာ သိပ်နည်းလွန်းတယ်။ ရပ်ကွက် သာရေးနာရေးတွေမှာမင်းဘယ်နေရာမှာ ပါဝင်နေသလဲ။ မိသားစုမှာတော့ မင်းကလူတော်ပါ။ မိဘကလည်း အားကိုးရတယ်။ ဒါပေမဲ့ စီးပွားရေးတစ်ခုထဲကိုပဲ အာရုံစိုက်နေတဲ့ မင်းကို အဖေက လူမှုရေးလုပ်ငန်းတွေပါ လုပ် ကိုင်စေချင်တယ်” အဖေ့ကို ကြည့်ရတာ တော်တော်လေး အားမလိုအားမရ ဖြစ်နေပုံရသည်။ “မင်းညီနဲ့ညီမဆို ကြည့်စမ်း။ တနင်္ဂနွေတစ်ရက်ကို ကုသိုလ်ဖြစ်ဆေးခန်းမှာ လုပ်အားပေးအနေနဲ့ သွား…