ဆေးရုံဆေးခန်းများရှိ ကျန်းမာရေးဝန်ထမ်းများ ကြုံတွေ့ရနိုင်သည့် ဘေးဥပါဒ်အန္တရာယ်များ
ယခင်အချိန်က ကျန်းမာရေးပြဿနာတစ်စုံတစ်ရာဖြစ်လျှင် ပြသနိုင်သည့် ဆေးရုံဆေးခန်းအရေအတွက်မှာ အလွန်တရာ နည်းပါးလွန်းလှသည်။ ယခုအခါတွင် ခေတ်မှီတိုးတက်လာသည်နှင့်အမျှ ဆေးရုံဆေးခန်းများ မှာလည်း အင်မတန်များပြားလာသည်မှာ ဝမ်းသာဖွယ်တွေ့မြင်နိုင်ပေသည်။ အစိုးရ ဆေးရုံဆေးခန်းများအပြင် ပုဂ္ဂလိကဆေးရုံဆေးခန်းများမှာလည်း ရန်ကုန်မြို့ရှိနေရာတော်တော်များများတွင် တွေ့မြင်နိုင်သည်သာမက အချို့မြို့နယ်များတွင်ပင်တွေ့မြင်နိုင်ပေသည်။ ဆေးရုံဆေးခန်းများ ပေါများလာသည်နှင့်အမျှ ထိုဆေးရုံဆေးခန်းများတွင် အလုပ်လုပ်ကိုင်သည့် ကျန်းမာဝန်ထမ်းများလည်း များပြားလာကြသည်။ ထိုကျန်းမာရေးဝန်ထမ်းများသည် နာမကျန်းသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို များစွာသော ဘေးဥပါဒ်အန္တရာယ်များစွာကြားမှ ပေးနေကြရခြင်းဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းများ ရင်ဆိုင်ကြုံတွေ့နိုင်သော ဘေးဥပါဒ်အန္တရာယ်များမှာ အဘယ်နည်း။ ဆေးရုံဆေးခန်းအများစုသည် လူနာများသက်တောင့်သက်သာရှိစေရန်အတွက် အလုံပိတ်ခန်းတွင် လေအေးပေးစက်များကို တပ်ဆင်ထားလေ့ရှိသည်။ ထိုကြောင့် လေမှတဆင့်ကူးစက်နိုင်သော TB ရောဂါ၊ တုပ်ကွေးရောဂါများ၊ ဝက်သက်ရောဂါအစရှိသည့်ရောဂါများဖြစ်ပွားရန် လွယ်ကူလှပေသည်။ ထို့ပြင် လူနာများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့်အတွက် မျက်စိနာရောဂါများ၊ ဝဲရောဂါများစသည့် ကူးစက်ရောဂါများလည်း ဖြစ်နိုင်ပါသည်။ WHO…