လုပ်ငန်းခွင်နှင့် မကူးစက်နိုင်သောရောဂါများ (Workplace and Noncommunicable Diseases)

မကူးစက်နိုင်သောရောဂါများ (NCDs) သည် နာတာရှည်ရောဂါများဖြစ်ကြပြီး အချိန်ကြာလာသည်နှင့်အမျှ ရောဂါရင့်လာနိုင်ကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏စာရင်းဇယားများအရ မကူးစက်နိုင်သော ရောဂါ များကြောင့် နှစ်စဉ် လူပေါင်း (၃၈) သန်းခန့်သေဆုံးလျက် ရှိကြသည်။ ထိုသို့ သေဆုံးမှုများ၏ လေးပုံသုံးပုံခန့် သည် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများမှဖြစ်ကြသည်။ မကူးစက်နိုင်သော ရောဂါ များ၏ အဓိက အမျိုးအစား (၄) မျိုးမှာနှလုံးသွေးကြောနှင့်ဆိုင်သောရောဂါများ (နှလုံးရောဂါနှင့်လေဖြတ်ရောဂါ ကဲ့သို့ သောရောဂါများ) ၊ ကင်ဆာရောဂါများ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ (နာတာ ရှည် အဆုတ်ပွရောဂါနှင့် ရင်ကျပ်ပန်းနာရောဂါ တို့ကဲ့သို့သောရောဂါများ) နှင့် ဆီးချိုရောဂါတို့ဖြစ်ကြသည်။ ယင်းတို့ အနက် နှလုံးသွေးကြောနှင့် ဆိုင်သောရောဂါများကြောင့် သေဆုံးမှုမှာအများဆုံးဖြစ်ပြီး နှစ်စဉ် လူပေါင်း (၁၇.၅) သန်းခန့်သေဆုံးလျက်ရှိသည်။ ထို့နောက်…