လုပ်ငန်းခွင်အတွက် ဘေးကလူ

ကုရာနတ္တိ ဆေးမရှိဆိုတဲ့ ကြောက်မက်ဖွယ်ရာ ဆောင်ပုဒ်နဲ့အတူ မျှော်လင့်ချက်မရှိတော့တဲ့ ဘ၀တွေကို ပိုင်ဆိုင်ရတော့မယ်လို့ ခံယူထားတဲ့ HIV ရောဂါဝေဒနာရှင်တွေဟာ အခုဆိုရင် မျှော်လင့်ချက် အလင်းရောင်တွေကို မြင်တွေ့ နေရပါပြီလို့ ဆိုရမှာပါ။ ၂၀၁၄ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးမှာ HIV ရောဂါပိုးရှိသူ ၃၉ သန်းရှိခဲ့ရာကနေ ၂၀၁၅ ခုနှစ်တွင် ရောဂါပိုးရှိသူဦးရေ ၃၆.၇ သန်းသာ ရှိခဲ့တဲ့အတွက် နောက်နှစ်တွေမှာ ဒီထက်ထပ်မံ လျော့နည်းသွားဖို့ မျှော်လင့်ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာလည်း HIV ရောဂါပိုးရှိသူ နှစ်သိန်းကျော် ရှိနေတယ်လို့ http://www.aidsdatahub.org ရဲ့ အချက်အလက်အရ သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း AIDS/ HIV ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတော်ရန်ပုံငွေ တိုးမြှင့်သုံးစွဲဖို့လျာထားပါတယ်။အဖက်ဖက်ကနေ အဆိုပါရောဂါကို တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေကြပေမဲ့ ရောဂါဝေဒနာရှင်တွေအတွက် ပြန်လည်ထူထောင်ရေးကဏ္ဍကိုလည်း ပစ်ပယ်ထားလို့ မရပါဘူး။…