ရောဂါဘယကို အရှုံးမ​ပေးခဲ့​သော ​ခေါင်း​ဆောင်​များ (၂)

“စိတ်​​ထောင်း၍ ကိုယ်​​ကြေ” ဟု ဆိုရိုးပြုကြသည်​။ “စိတ်​​ဆောင်​၍​ အောင်​သည်​” ဟုလည်း ဆိုတတ်​ကြ သည်​။ ကိုယ်​​ကြေ​​နေသည့်​တိုင်​​အောင်​ စိတ်​​ဆောင်​၍​ အောင်​မြင်​​အောင်​ကြိုးစားခဲ့သူတစ်ဦးကို ပြပါဟု ဆိုလျှင် ​အ​မေရိကန်​နိုင်​ငံ၏ ၃၂ ဆက်​​မြောက်​ သမ္မတဖရန့်​ကလင်းရုစဘဲ့လ်​ကိုပင်​ ပြရေ​ပမည်။ အ​မေရိ ကန်​နိုင်​ငံသားတို့သည် ​ဖရန့်​ကလင်းရုစဘဲ့လ်​အား သူတို့၏ အ​တော်​ဆုံးသမ္မတသုံးဦးမှတစ်​ယောက်​ အဖြစ်​ ဂုဏ်တင်တတ်​ကြသည်​။ ဂုဏ်​တင်​ထိုက်​သည်​ကလည်း အမှန်​ပင်​။ ရုစဘဲ့လ်​သည်​ သူ၏နိုင်​ငံ​ရေး သက်​၂၄ နှစ်တာကာလတွင် ​ဂိလာနဟုဆိုရ​လောက်​​အောင် ​​ရောဂါဖိစီးမှု ခံ​နေခဲ့ရသည်​။ သို့တိုင်​ သူသည်​ ဒုတိယကမ္ဘာစစ်​ကာလအတွင်း အ​မေရိကန်​နိုင်​ငံအား ပီပြင်​စွာ​ ခေါင်း​ဆောင်​နိုင်​စွမ်းခဲ့သည်​။ မည်​သူမှ သမ္မတသက်​တမ်းနှစ်​ခုထက် ​ပို၍သမ္မတအဖြစ်​ထမ်း​ဆောင်​ခွင့်​မရှိဟု ပြဌာန်းထား​သော အ​ခြေခံဥပ​ဒေကို ကျင့်​သုံး​သောနိုင်​ငံတွင် ​​လေးကြိမ်​ဆက်​တိုက်​သမ္မတအဖြစ်​​ ရွေး​ကောက်​တင်​​မြှောက်​ခံခဲ့ရသည်​။ ရုစဘဲ့လ်​သည် ​၁၉၂၁ ခုနှစ်​၊ အသက်​၃၈နှစ်​အရွယ်​တွင် ​ပိုလီယို​ရောဂါပြင်းထန်​စွာခံခဲ့ရသည်​။ ပိုလီယို​ကြောင့်​…

ငွေယိုပေါက်ကြီး

ဆင်းရဲမွဲတေမှုကို တိုင်းတာရာတွင် အစားအစာ၊ ရေ၊ အ၀တ်အစားစတဲ့ ဘ၀အခြေခံလိုအပ်ချက်တွေပေါ်မှာ ကြည့်ပြီး သတ်မှတ်ကြပါတယ်။ ၀င်ငွေရဲ့ ၇၅ ရာခိုင်နှုန်းထက်ကျော်လွန်ပြီး အစားအစာအတွက် အသုံး ပြုပါက Ultra poverty ဟု ခေါ်ဆိုကြတယ်။ ဒါပြင် အစား အစာ၊ ရေ၊ အ၀တ်အစားစတဲ့ အခြေခံလိုအပ်ချက်တွေအတွက် ၀င်ငွေ မပြည့်စုံတဲ့အခြေအနေကို Primary Poverty လို့ ခေါ်ဆိုတယ်။ အခြေခံလိုအပ် ချက်တွေကို ဖြည့်ဆည်းနိုင်တဲ့ဝင်ငွေရှိနေသော်လည်း ပြည့်ပြည့်၀၀ အကျိုးရှိအောင် အသုံးမပြုတာကတော့ Secondary Poverty ဖြစ်ပါတယ်။ Secondary Poverty လို့ပြောရာတွင် ဆေးလိပ်၊ အရက်၊ ဘီယာစတာတွေမှာ ၀င်ငွေကိုအသုံးပြုလိုက်တဲ့အတွက် ကိုယ့်ရဲ့အခြေခံလိုအပ်ချက်တွေကို မဖြည့်ဆည်း နိုင်တော့တဲ့အခြေအနေကို ဆိုလိုတာလည်း ဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အမျိုးသားကျန်းမာရေးအာမခံစနစ်မှာ ဖွံ့ဖြိုးတိုးတက်မှု…

ဟိုတယ်၊ တည်းခိုခန်း လုပ်သားများနှင့် ကျန်းမာရေး ပြဿနာ

ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းတွေမှာ အလုပ်လုပ်ကြရသူတွေအဖို့ ဧည့်သည်ရောက်ရင် ရောက်တဲ့ အလျောက် အလုပ်များတတ်ပါတယ်။ ဟိုတယ်၊ မိုတယ်၊ အင်းတို့မှာ လုပ်ကိုင်ကြတဲ့ လုပ်သားတွေဟာ သတ်မှတ်ထားတဲ့ အရည်အချင်းတွေ ရှိရပါမယ်။ ဟိုတယ်လုပ်ငန်းအတွက် လိုအပ်တဲ့ သင်တန်းတွေ တက်ရပါမယ်။ ဟိုတယ် တာဝန်ထမ်းဆောင်ရင်း တွေ့ကြုံရနိုင်တဲ့ ဓာတုပစ္စည်း၊ လျှပ်စစ်၊ စက်ပိုင်းဆိုင်ရာ၊ လုပ်ငန်းခွင်အန္တရာယ်မရှိရေး ဆောင်ရွက်ချက်များ၊ ဝန်ထမ်းပိုင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးမှု၊ ဓာတုဗေဒပစ္စည်းများ အန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရေး စသဖြင့် အဆောက်အဦအတွင်း သိသင့်တဲ့ ဓာတုပစ္စည်း၊ လျှပ်စစ်နှင့် ယန္တရား၊ အဝတ်လျှော်စက်၊ အရေးပေါ်စက်၊ အရေးပေါ်လှေကား၊ မီးသတ်သင်တန်း စသဖြင့် သိရှိလိုက်နာသင့်တဲ့ အချက်အလက်များတက်သိကျွမ်းကျင်ဖို့ သင်ယူ လေ့ကျင့်စေရမှာ ဖြစ်တယ်။ သီးခြားလိုအပ်ချက်များအနေနဲ့ ထိရောက်တဲ့ လုပ်ငန်းဆောင်ရွက်ရရှိစေဖို့ အန္တရာယ်ကင်းရှင်းရေး…

စိတ်သည်သာ ပဓာန

၁၉၄၈ ခုနှစ်မှာ World Health Organization (WHO) က ပထမဆုံး World Health Assembly ကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Assembly ရဲ့ ဆုံးဖြတ်ချက်ချအရ နှစ်စဉ်နှစ်တိုင်း ဧပြီလ ၇ ရက်ကို World Health Day (ကမ္ဘာ့ကျန်းမာရေးနေ့)အဖြစ် သတ်မှတ်ခဲ့တာ အခုဆိုရင် ၆၇ ကြိမ်မြောက် ရှိခဲ့ပါပြီ။ နှစ်စဉ်ကျရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးနေ့ကို ကျန်းမာ ရေးနဲ့ပတ်သက်တဲ့ Theme ကိုယ်စား အထူးပြုဆောင်ပုဒ်ပေးခဲ့ပြီး ၂၀၁၆ ခုနှစ်ရဲ့ ကမ္ဘာ့ကျန်းမာရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ Diabetes ဖြစ်ခဲ့ပါတယ်။ ယခုနှစ်၂၀၁၇ ခုနှစ်၊ ဧပြီလ ၇ ရက်အတွက် ဆောင်ပုဒ်ကတော့ Depression; Let’s Talk (စိတ်ကျဝေဒနာ…

လုပ်ငန်းခွင်အတွက် ဘေးကလူ

ကုရာနတ္တိ ဆေးမရှိဆိုတဲ့ ကြောက်မက်ဖွယ်ရာ ဆောင်ပုဒ်နဲ့အတူ မျှော်လင့်ချက်မရှိတော့တဲ့ ဘ၀တွေကို ပိုင်ဆိုင်ရတော့မယ်လို့ ခံယူထားတဲ့ HIV ရောဂါဝေဒနာရှင်တွေဟာ အခုဆိုရင် မျှော်လင့်ချက် အလင်းရောင်တွေကို မြင်တွေ့ နေရပါပြီလို့ ဆိုရမှာပါ။ ၂၀၁၄ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးမှာ HIV ရောဂါပိုးရှိသူ ၃၉ သန်းရှိခဲ့ရာကနေ ၂၀၁၅ ခုနှစ်တွင် ရောဂါပိုးရှိသူဦးရေ ၃၆.၇ သန်းသာ ရှိခဲ့တဲ့အတွက် နောက်နှစ်တွေမှာ ဒီထက်ထပ်မံ လျော့နည်းသွားဖို့ မျှော်လင့်ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာလည်း HIV ရောဂါပိုးရှိသူ နှစ်သိန်းကျော် ရှိနေတယ်လို့ http://www.aidsdatahub.org ရဲ့ အချက်အလက်အရ သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း AIDS/ HIV ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတော်ရန်ပုံငွေ တိုးမြှင့်သုံးစွဲဖို့လျာထားပါတယ်။အဖက်ဖက်ကနေ အဆိုပါရောဂါကို တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေကြပေမဲ့ ရောဂါဝေဒနာရှင်တွေအတွက် ပြန်လည်ထူထောင်ရေးကဏ္ဍကိုလည်း ပစ်ပယ်ထားလို့ မရပါဘူး။…

About OnDoctor – Free Healthcare Provider in Myanmar

OnDoctor ဆိုသည်မှာ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ပြည်သူများနှင့် နိုင်ငံရပ်ခြားရောက် မြန်မာပြည်သူများအတွက် အခမဲ့ အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ၂၀၁၆ခုနှစ်၊ ဇူလိုင်လတွင် OnDoctor Co., Ltd. ကို စတင်တည်ထောင်ခဲ့ပါသည်။ ပြည်သူ့အကျိုးရှေးရှု၍ အားလုံးလွှမ်းခြုံနိုင်သောကျန်းမာရေးစနစ် (Universal Health Coverage) ကို အကောင်အထည်ဖော်နိုင်ရန်အတွက် မိုဘိုင်းအက်ပလီကေးရှင်းများ၊ ၀က်ဘ်ဆိုဒ်များဖြင့် မြန်မာပြည်သူများ အားလုံး အထူးသဖြင့် ကျေးလက်နေပြည်သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အမှန်တကယ် လိုအပ်နေသူများထံ ၀န်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ပါသည်။   OnDoctor ၏ ရည်ရွယ်ချက် မြန်မာလူမျိုးများအားလုံးအတွက် ငွေကြေးကုန်ကျမှုလုံးဝမရှိပဲအွန်လိုင်းမှတဆင့် (မိုဘိုင်းဖုန်းမှတဆင့်) ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် အကောင်းဆုံးသောမိုဘိုင်းအက်ပလီကေးရှင်း (၀က်ဘ်ဆိုဒ်) အဖြစ်တည်ရှိရေး။ ပြည်သူ့အကျိုးရှေးရှု၍ အားလုံးလွှမ်းခြုံနိုင်သော ကျန်းမာရေးစနစ်ရရှိနိုင်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ၊ သက်ဆိုင်ရာ ကျွမ်းကျင်အထူးကုများ၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ် နေသူများအကြား…

ကျန်းမာရေးအတွက် ငွေကြေးဟာ အတားအဆီးတစ်ခုလား

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့အတိုင်း  ကျန်းမာစွာနေထိုင်နိုင်ဖို့ဟာ ကျွန်ုပ်တို့ လူသားတွေအတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းမွန်မှသာ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေကို ပုံမှန်ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံမှာတော့ မလွဲသာမရှောင်သာပဲ နေထိုင်မကောင်း ဖြစ်ကြရပါတယ်။ ဒီလိုနေထိုင်မကောင်းဖြစ်တဲ့အခါ သင့်တော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို လူသားတိုင်း အလွယ်တကူ ရရှိကြပါသလား။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စာရင်းများအရ အနည်းဆုံး ကမ္ဘာ့လူဦးရေ သန်း ၄၀၀ ခန့်ဟာ မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို မရရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုစရိတ်တွေကို ကိုယ်တိုင်ကိုယ်ကျ ကျခံသုံးစွဲရတဲ့အတွက် နှစ်စဉ်လူသန်းပေါင်း ၁၀၀ ခန့်ဟာ ဆင်းရဲတွင်းထဲ ကျရောက်နေကြရပြီး လူသန်းပေါင်း ၁၅၀ ခန့်ဟာလည်း ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။…

ပထမဆုံးအကြိမ်

ဆေးခန်းအတွင်းသို့ လူငယ်တစ်ယောက် ၀င်ရောက်လာသည်။ ထိုလူငယ်ကို ဒေါက်တာအောင်နိုင် သိသည်။ လူငယ်က ရိုးရိုးသားသားနှင့် အေးဆေးသောလူငယ်လေးတစ်ယောက်။ ရပ်ကွက်သာရေးနာရေးများ တွင်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားတတ်သော လူငယ်တစ်ယောက်။ “အစ်ကို့ကို ပြောစရာလေးရှိလို့ပါ” လေသံတိုးတိုးလေး။ ဘေးလူကြားမှာ စိုးရိမ်သောအသံနှင့် ပြောသည်။ ဘေးတွင်ရပ်နေသော ဆရာမ ကိုလည်း လှမ်းကြည့်လိုက်သည်။ သူပြောနေသောစကားများကို ဆရာမ ကြားသွားမည်ကို စိုးရိမ်ပုံရ သည်။ ဒေါက်တာအောင်နိုင်တစ်ယောက် ဆရာမကိုအပြင်သို့ ခဏထွက်ခိုင်းလိုက်သည်။ “ဆရာမ အပြင်ခဏလောက်ထွက်ပေးပါလား” ထို့နောက်မှ လူငယ်က နှစ်ကိုယ်ကြားလေသံလေးနှင့် “ဘယ်ကနေဘယ်လိုစပြောရမှန်းကို မသိတော့ပါဘူးအစ်ကိုရယ်” “အဆင်ပြေသလိုပြော ငါ့ညီ၊ အစ်ကိုတို့နှစ်ယောက်တည်း အားနာစရာ မလိုပါဘူး။” ဒေါက်တာအောင်နိုင်တစ်ယောက် လူငယ်ကို စကားကြောင်းပေးလိုက်သည်။ “ပြောရမှာလဲရှက်ပါတယ်ဗျာ” “ပြောပါကွာ ငါ့ညီရ “ “ကျွန်တော် ကျွန်တော့်ကောင်မလေးနဲ့ အတူတူနေမိတယ်ဆရာ” “အင်း။…

ကိုယ်ပိုင် မိသားစု ဆရာဝန်တစ်ယောက်လို ဖြစ်လာနိုင်မည့် mHealth (Mobile Health)

သင့်အတွက် ကိုယ်ပိုင်မိသားစုဆရာဝန် တစ်ယောက်ရှိဖို့ကို စိတ်ကူးဖူးပါသလား။ ကျွန်ုပ်တို့လူသားတွေအားလုံး နေ့စဉ်ဘဝမှာ လှုပ်ရှားရုန်းကန်ရင်း တခါတရံမှာ နေထိုင်မကောင်း ဖြစ်တတ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ နေထိုင်မကောင်းဖြစ်တဲ့အချိန် နီးစပ်ရာ ဆေးရုံဆေးခန်းမှာ သွားရောက် ပြသကြရပါတယ်။ ဒါပေမယ့် တခါတလေမှာ အကြောင်းကြောင်းကြောင့် မအားလပ်လို့ပဲ ဖြစ်ဖြစ် သာမန်နှာစေးချောင်းဆိုး ကိစ္စလေးနဲ့ မပြချင်လို့ပဲဖြစ်ဖြစ် ဆေးရုံ ဆေးခန်းသွားဖို့ကို အဆင်မပြေ ဖြစ်တတ်ကြပါတယ်။ ဒီလိုအခါမျိုးမှာ သင့်အတွက် ကိုယ်ပိုင် မိသားစုဆရာဝန် တစ်ယောက်ရှိဖို့ စိတ်ကူးဖူးပါသလား။ သာမန်ဝင်ငွေသာရရှိတဲ့ လူတစ်ယောက် ဒါမှမဟုတ် မိသားစုတစ်စု အတွက်တော့ ဒီစိတ်ကူးဟာ အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်ပါတယ်။ သို့သော်လည်း တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေကြောင့် mHealth ဟာ အခုလို ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေကို ပြေလည်စေနိုင်မယ့် နည်းလမ်းအသစ်တစ်ခု ဖြစ်လာပါတယ်။ mHealth ဆိုတာဘာပါလဲ…

လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုစနစ် အထိမ်းအမှတ်နေ့ (၂၀၁၆ ခုနှစ်)

Universal Health Coverage (UHC) Day 2016 လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် (UHC) အကြောင်း သိကောင်းစရာများ   လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် (UHC) ဆိုသည်မှာ အဘယ်နည်း။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကမ္ဘာ့ဘဏ်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် (UHC) ဆိုသည်မှာ “လူသားတိုင်းသည် အရည်အသွေးမီ ကျန်းမာရေး စောင့်ရှောက်မှုများ ကို ငွေကြေးအခက်အခဲ ကြုံတွေ့မှုမရှိပဲ ရယူနိုင်ခြင်း” ဟု ဖြစ်သည်။ UHC သည် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးပန်းတိုင်များ (Sustainable Development Goals (SDGs)) ၌ပါဝင်သော ပန်းတိုင်အမှတ် (၃) (Goal 3) “သက်ရွယ်မရွေး လူတိုင်းစေ့ကျန်းမာရေးနှင့်…