“လူရယ်လို့ဖြစ်လာရင် အတ္တရိတနဲ့ ပရဟိတဆိုတာ မျှရတယ်”
“ဟုတ်ကဲ့”
ဝေလင်းတစ်ယောက် အဖေပြောသည်ကိုဘုမသိဘမသိနှင့် ခေါင်းငြိမ့်လိုက်သည်။ ဘာကိုဆိုလိုမှန်း တော့ မသိသေး။
“မင်းတို့လူငယ်တွေ ပရဟိတလုပ်တာ သိပ်နည်းလွန်းတယ်။”
ဘာကိုပြောချင်၍ စကားဦးသန်းနေသည်မသိ။ အခုထိ နားမလည်သေး။
“ငါတို့မင်းတို့အရွယ်တုန်းကဆိုလျှင် လူမှုရေးလုပ်ငန်းတွေမှာ တတပ်တအားပါနေပြီ။ မင်းအခု ကြည့် စမ်း ကျောင်းပြီးကတည်းက အလုပ်ထဲ မင်းဝင်တယ်။ မင်းလူမှုရေးလုပ်တာ သိပ်နည်းလွန်းတယ်။ ရပ်ကွက် သာရေးနာရေးတွေမှာမင်းဘယ်နေရာမှာ ပါဝင်နေသလဲ။ မိသားစုမှာတော့ မင်းကလူတော်ပါ။ မိဘကလည်း အားကိုးရတယ်။ ဒါပေမဲ့ စီးပွားရေးတစ်ခုထဲကိုပဲ အာရုံစိုက်နေတဲ့ မင်းကို အဖေက လူမှုရေးလုပ်ငန်းတွေပါ လုပ် ကိုင်စေချင်တယ်”
အဖေ့ကို ကြည့်ရတာ တော်တော်လေး အားမလိုအားမရ ဖြစ်နေပုံရသည်။
“မင်းညီနဲ့ညီမဆို ကြည့်စမ်း။ တနင်္ဂနွေတစ်ရက်ကို ကုသိုလ်ဖြစ်ဆေးခန်းမှာ လုပ်အားပေးအနေနဲ့ သွား ထိုင်တယ်။ တစ်ပိုင်တစ်နိုင်ပေါ့။ သူတို့အားတဲ့အချိန်လေး ပရဟိတအလုပ်လေးတွေ လုပ်နေတာ ဘယ်လောက် ဂုဏ်ယူဖို့ကောင်းသလဲ။ မင်းကတော့ စီးပွားရေးမှာပဲ အာရုံစိုက်နေတယ်”
သူတို့လေးတွေ မပူရမပန်ရအောင် ဒီကအကိုကြီးကစီးပွားရှာနေသည်ကိုတော့ အဖေက နားမလည်ဟု တွေးမိသည်။ အဖေအမေ၏ အားကိုးရသောသားတစ်ယောက်ဖြစ်နေသည်ကို အဖေက မချီးကျူးဘဲ လူမှုရေး လုပ်ငန်းတွေမှာ တစ်တပ်တစ်အားပါဝင်နေသော ညီနှင့် ညီမကိုချီးကျူးနေသည်။
“ကျွန်တော် သူတို့နဲ့ အတူလိုက်ပြီး လုပ်အားမပေးနိုင်ပေမယ့် ကျွန်တော် တတ်နိုင်တဲ့ ငွေရေးကြေးရေး အကူအညီတွေကိုတော့ အမြဲပေးပါတယ်ဖေဖေ။ အငယ်လေးတွေက ဆရာဝန်တွေဆိုတော့ ကျန်းမာရေးစောင့် ရှောက်မှုတွေမှာ ပါနိုင်တာပေါ့။ ကျွန်တော်က ဆရာဝန်မှ မဟုတ်တာ။ ကျွန်တော် ဆေးသွားကုတဲ့နေရာကို လိုက်သွားလို့လည်း ဘာအကျိုးထူးမှာလဲ။ သူတို့လိုအပ်တာကို ကျွန်တော်ဖြည့်ဆည်းပေးနေတာပဲလေ”
“ဆေးကုတာလည်းကုတာတစ်ပိုင်းပေါ့ကွာ။ မင်းလည်း ပိုက်ဆံထည့်တာတင်မဟုတ်ဘဲ ကိုယ်တိုင် ကိုယ်ကျ လူမှုရေးအလုပ်တွေ အားရင်အားသလိုလုပ်ဖို့ စိတ်ကူးမရှိဘူးလား”
“ကျွန်တော့်မှာ အစီအစဉ်တွေရှိပါတယ် ဖေဖေ”
“အေး။ ဒါဆိုလဲရှင်းပြစမ်းပါဦး။ မင်းမှာရှိတဲ့ အစီအစဉ်တွေကို”
“ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ တာဝန်သိလူမှုရေးလုပ်ငန်းတွေကို လုပ်မှာပါ”
“ဘာလဲကွ တာဝန်သိလူမှုလုပ်ငန်းများဆိုတာ”
“အခုညီလေးတို့ ညီမလေးတို့ လုပ်သလိုမျိုးပေါ့။ ကျေးလက်ဒေသမှာရှိတဲ့ ပြည်သူလူထုကို ကျန်းမာ ရေးစောင့်ရှောက်မှုပေးတဲ့ အစီအစဉ်တစ်ခုမှာ ကျွန်တော်တို့ကုမ္ပဏီက လှူဒါန်းမလို့လုပ်နေပါတယ်။ ”
“ဘယ်လို လှူမှာလဲ။ လှူမယ်ဆိုရင်လည်း မင်းညီတို့ထိုင်တဲ့ဆေးခန်းမှာပဲ ဆေးပစ္စည်းတွေ လှူလိုက်ပါ လား”
“ညီလေးတို့ဆီမှာလည်း လှူမှာပါ။ အခုက ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ အဖွဲ့အစည်းတွေကို အလှူငွေတွေ လှူဒါန်းသွားမယ်”
“NGO အဖွဲ့အစည်းတွေကို လှူမှာလား”
“NGO အဖွဲ့အစည်းမဟုတ်ပါဘူး။ NGO က သူ့ဘာသာတစ်ခြား Donor တွေ ရှိပါတယ်။ ကျွန်တော် တို့က တခြားလိုအပ်နေတဲ့နေရာတွေမှာ လှူဒါန်းမယ်။ အဲဒီအစီအစဉ်တွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ဆရာဝန်တွေ ကို ထောက်ပံ့ပေးမှုတွေ လုပ်မယ်။”
“မင်းမှာ ဒီလိုအစီအစဉ်တွေ ရှိတာ ငါမသိပါလား”
“အဖေကိုပြောမလို့ပဲ ကျွန်တော်တို့ အခုတလောသေချာစကားမပြောဖြစ်တာကြောင့်ပါ”
“ကောင်းတယ်ဆက်ပြောပါဦး”
အဖေက ကျေနပ်သွားပုံရသည်။
“Telemedicine ဆိုတာပေါ်နေတယ်အဖေ။ ဘာလည်းဆိုတော့ Telecommunication နဲ့ Medicine ကိုပေါင်းစပ်ထားတာပဲ။ ဆရာဝန်တွေနဲ့လူနာတွေဟာ Internet ကနေတဆင့် ထိတွေ့ပြီးဆေးကုသမှုတွေ၊ အကြံဥာဏ်တောင်းတာတွေကိုလုပ်ဆောင်နိုင်တော့မယ်”
“ဟာ အဆန်းကြီးပါလား။”
ဦးဘဦးတစ်ယောက် ဝေလင်းပြောသည်ကို အထူးအဆန်းကြီးဖြစ်နေသည်။
“အခုက မိုဘိုင်းဖုန်းတွေနဲ့ သုံးလို့ရနေတဲ့ Internet က မြို့မှာသာမက ဝေးလံခေါင်ဖျားတဲ့ ကျေးလက် ဒေသအထိရောက်နေပြီဆိုတာ အဖေသိသားပဲ။ ဒီလိုမျိုး Internet ကိုအသုံးချပြီး မြို့ပေါ်မှာရှိနေတဲ့ ဆရာဝန် တစ်ယောက်နဲ့ ဟိုးနယ်စွန်နယ်ဖျားမှာရှိတဲ့လူနာတို့ကို နီးစေနိုင်ပြီလေ။ စကားပြောနိုင်မယ်၊ ကျန်းမာရေးအသိ ပညာ မျှဝေနိုင်မယ်လေ။”
“နည်းနည်းသေချာထပ်ပြောပါဦးကွာ။ မင်းပြောတာ စိတ်ဝင်စားဖို့ကောင်းလိုက်တာ”
“ဒီလိုလေအဖေရဲ့။ ဆရာဝန်တွေကို သွားပြဖို့မလွယ်တဲ့ဝေးတဲ့နေရာတစ်ခုမှာနေတဲ့ လူတစ်ယောက် နေမကောင်းဖြစ်ပါပြီတဲ့။ ၀မ်းတွေ လျှောတယ်လို့ပဲထားလိုက် သူဆေးကုသမှုခံမှရမယ်။ ဘာဆေးသောက်ရမယ် မှန်းလဲမသိဘူး။ ဖုန်းလိုင်းကတော့ မိပါရဲ့။ ဘယ်ဆရာဝန်ဖုန်းနံပါတ်မှမရှိဘူး။ ဒါဆိုရင် ဘာလုပ်မလဲ။ ဒီလို အချိန်မျိုးမှာဆိုရင် Internet ဖွင့်ပြီး ဆရာဝန်တွေနဲ့တိုင်ပင်လို့ရတယ်။ ဖြစ်နေတဲ့လက္ခဏာတွေကိုပြောပြပြီး တစ်ဖက်ဆရာဝန်ရဲ့ကုသမှုကိုခံယူနိုင်တယ်။ ဆရာဝန်တွေနဲ့ Chatting လုပ်ပြီးမေးမြန်းလို့ရတယ်။ မြန်မာနိုင်ငံ မှာ အခုစလုပ်နေတဲ့ ကျန်းမာရေးအမေးအဖြေကတော့ လူနာဆီကနေ တစ်ပြားတစ်ချပ်မ ပေးစရာမလိုဘူး။ Chatting လုပ်လို့ ကုန်သွားတဲ့ Internet ဖိုးကိုပဲပေးရမယ်။ ဒီလိုလုပ်တဲ့နေရာမှာ အကြီးမားဆုံး အခက်အခဲ ကတော့ အဲဒီလိုနေရာမျိုးတွေမှာနေတဲ့ လူတွေကိုဒီလိုမျိုး Chat တတ်အောင် ပညာပေးဖို့ပဲ”
“ဒါဆိုဖြေပေးနေတဲ့ ဆရာဝန်တွေက အလကားလုပ်ပေးနေတာလား။ ဒီ Project ကြီးတစ်ခုလုံးအတွက် လိုအပ်တဲ့ငွေကြေးတွေကိုဘယ်ကရလဲ။ လူနာတွေဆီကနေတစ်ပြားတစ်ချပ်မှ မယူဘူးဆိုပေမဲ့ ဒီလုပ်ငန်းစဉ် ကြီး ရေရှည်ရပ်တည်ဖို့အတွက် ငွေရေးကြေးရေးတွေ လိုအပ်လာပြီ။”
“ဟုတ်ပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့လိုကုမ္ပဏီတွေက သူတို့ကိုကူညီပေးရမယ်။ လူနာ တစ် ယောက်ချင်းဆီကို ဒီလိုမျိုးဆရာဝန်တွေနဲ့ အမေးအဖြေလုပ်လိုက်ရင် ကုန်ကျစရိတ်ဆိုတာရှိလာတယ်။ ဒီကုန် ကျစရိတ်ကို ကျွန်တော်တို့ကုမ္ပဏီကလူနာ တစ်ရာစာဆိုလည်း တစ်ရာအတွက် ထောက်ပံ့ပေးမယ်”
“ဒါမျိုးလုပ်ဆောင်တာကိုလည်း တာဝန်သိလူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်တယ်လို့ ယူဆလို့ရ တယ်။ ကျွန်တော်တို့ ကုမ္ပဏီကတော့ ဒီလိုမျိုးလုပ်ငန်းအတွက် အလှူငွေထည့်ဝင်ပြီး လုပ်ကိုင်ဖို့ ဆုံးဖြတ်ထား တယ်။ လူနာတစ်ဦးချင်းဆီအတွက် ကုမ္ပဏီမှ ပံ့ပိုးပါတယ်ပေါ့။”
“ကောင်းတယ်။ အစောကြီးကတည်းက မပြောတော့ ငါမသိဘူးပေါ့”
“ဟုတ်တယ်အဖေ။ ကျွန်တော်ပြောမယ်ပြောမယ်ဆိုပြီး မပြောဖြစ်သေးတာပါ။ ”
“အေးကွာ။ဒါဆိုရင်အခုငါတို့လည်းမေးလို့ရတာပေါ့နော်”
“မေးလို့ရပါတယ်။ အဖေကျန်းမာရေးအမေးအဖြေ (http://www.ondr.co)ကိုဘယ်လိုမေးရလဲဆိုတာ ကျွန်တော်ပြပေးမယ်လေ ”
ဝေလင်းတစ်ယောက် အဖေကိုစိတ်ရှည်လက်ရှည်ဖြင့် ကျန်းမာရေးအမေးအဖြေကိုအသုံးပြုပုံပြုနည်း ပြပေးလိုက်သည်။ မြန်မာတစ်ပြည်လုံးတွင်ရှိနေသောလူနာအမြောက်အမြားနှင့် Online ကနေဆက်သွယ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောလုပ်ငန်းများတွင် ကူညီခွင့်ရသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ် ပီတိဖြစ်ရသည်။ ဆရာဝန်ဖြစ်မှ လူနာများကို ကုသခွင့်ရမည်မဟုတ်တော့ပေ။ ကိုယ်လို ဆရာဝန်မဟုတ်သူ များကလည်း ဇီဝိတဒါနတွင် ပါဝင်ကူညီနိုင်တော့မည်ဖြစ်သည်။