OnDoctor ဆိုသည်မှာ
မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ပြည်သူများနှင့် နိုင်ငံရပ်ခြားရောက် မြန်မာပြည်သူများအတွက် အခမဲ့ အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ၂၀၁၆ခုနှစ်၊ ဇူလိုင်လတွင် OnDoctor Co., Ltd. ကို စတင်တည်ထောင်ခဲ့ပါသည်။ ပြည်သူ့အကျိုးရှေးရှု၍ အားလုံးလွှမ်းခြုံနိုင်သောကျန်းမာရေးစနစ် (Universal Health Coverage) ကို အကောင်အထည်ဖော်နိုင်ရန်အတွက် မိုဘိုင်းအက်ပလီကေးရှင်းများ၊ ၀က်ဘ်ဆိုဒ်များဖြင့် မြန်မာပြည်သူများ အားလုံး အထူးသဖြင့် ကျေးလက်နေပြည်သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အမှန်တကယ် လိုအပ်နေသူများထံ ၀န်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ပါသည်။
OnDoctor ၏ ရည်ရွယ်ချက်
- မြန်မာလူမျိုးများအားလုံးအတွက် ငွေကြေးကုန်ကျမှုလုံးဝမရှိပဲအွန်လိုင်းမှတဆင့် (မိုဘိုင်းဖုန်းမှတဆင့်) ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် အကောင်းဆုံးသောမိုဘိုင်းအက်ပလီကေးရှင်း (၀က်ဘ်ဆိုဒ်) အဖြစ်တည်ရှိရေး။
- ပြည်သူ့အကျိုးရှေးရှု၍ အားလုံးလွှမ်းခြုံနိုင်သော ကျန်းမာရေးစနစ်ရရှိနိုင်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ၊ သက်ဆိုင်ရာ ကျွမ်းကျင်အထူးကုများ၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ် နေသူများအကြား ချိတ်ဆက်ပေးနိုင်သည့် ကွန်ယက်ဖြစ်နိုင်ရေး။
- ငွေကြေးကုန်ကျမှုအတွက် ပူပန်စရာမလိုပဲအချိန်မရွေး၊ နေရာမရွေးမိမိတို့လိုအပ်ချိန်တိုင်းလွယ်ကူ၊ လျင်မြန်၊ အဆင်ပြေဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုကို မြန်မာပြည်သူပြည်သား အားလုံးထံ ပေးစွမ်း နိုင်ရေး။
OnDoctor ၏ စံတန်ဖိုးများ
- Quality
- Sustainability
- Responsibility
- Accessibility
- Transparency
- Affordability
OnDoctor ၏ ၀န်ဆောင်မှုများ
လူနာဗဟိုပြုကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးသည် OnDoctor ၏ အဓိကတာဝန်ဖြစ်သည်။
(၁) နွေးထွေးသောကျန်းမာရေးစောင့်ရှောက်မှု
“အွန်လိုင်းနည်းပညာကိုအသုံးပြု၍ မေးမြန်းသူ (လူနာ) တစ်ဦးချင်းစီအတွက် မက်ဆေ့မှတဆင့် ဆရာဝန်များကိုယ်တိုင်ဆွေးနွေးပေးခြင်း”၊ ဤအစီအစဉ်အတွက် မေးမြန်းသူများဘက်မှ အင်တာနက် ချိတ်ဆက်မှု ရှိရုံဖြင့် အခမဲ့ဆွေးနွေးနိုင်မည်ဖြစ်ပြီး ဆရာဝန်နှင့် လူနာအကြားလိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အချက် အလက်များကို အသံဖိုင်များ၊ ဓာတ်ပုံများဖြင့်ပါ ဝေငှနိုင်မည်ဖြစ်သောကြောင့် ရောဂါရှာဖွေခြင်း၊ ကာကွယ် ကုသခြင်းများအတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်ပါသည်။ ထို့အပြင် လူနာများ၏ လိုအပ်ချက်အရ သက်ဆိုင်ရာအထူးကုများထံသွားရောက်ပြသရန် လမ်းညွှန်ပေးနိုင်သဖြင့် မလိုလားအပ်သောအချိန်၊ ငွေကြေး ကုန်ကျမှုများစွာကိုလျှော့ချပေးနိုင်မည်ဖြစ်သည်။
လက်ရှိတွင် OnDoctor ဆရာဝန်များမှ နေ့စဉ် မနက် ၁၀ နာရီ ည ၁၂ နာရီအထိ ကျန်းမာရေးဆိုင်ရာ မေးခွန်းများကို အခမဲ့ဆွေးနွေးပေးလျှက်ရှိရာ တနေ့လျှင် မေးမြန်းသူ (လူနာ) အရေအတွက်မှာ ၃၀၀ နှင့် ၄၀၀ ရှိပါသည်။
(၂) ကျန်းမာရေးဗဟုသုတနှင့် အသိပညာများဖြန့်ဝေခြင်း
OnDoctor ၀က်ဘ်ဆိုဒ်တွင် ကျန်းမာရေးပညာပေးဆောင်းပါးများ၊ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရန် အချက်အလက်များစသည်တို့ကိုနေ့စဉ်ဖော်ပြပေးခြင်းဖြင့် အွန်လိုင်း (မိုဘိုင်းဖုန်း)များမှတဆင့် အလွယ်တကူ နေရာမရွေး၊ အချိန်မရွေး ရှာဖွေဖတ်ရှုနိုင်မှာဖြစ်ပြီး OnDoctor လူမှုကွန်ယက်စာမျက်နှာတွင်လည်း နေ့စဉ်ဖြန့်ဝေ ပေးသွားမည်ဖြစ်သည်။
(၃) စဉ်ဆက်မပြတ်ဆေးပညာသင်ကြားရေး
OnDoctorအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကိုအွန်လိုင်းမှတဆင့် တတ်စွမ်းသမျှ ဆောင်ရွက်နေသကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအတွက်လည်းဆေးပညာနှင့် ပတ်သက်သည့် ဗဟုသုတများ၊ အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းဆိုင်ရာဗဟုသုတများကိုလေ့လာနိုင်ရန် ပုံမှန် သင်တန်းများ၊ လစဉ်ဆေးပညာနှီးနှောဖလှယ်ပွဲများကို ပြုလုပ်ပေးနေပါသည်။ ပြင်ပ၌ လာရောက်လေ့လာရန် အခက်အခဲရှိသူ ကျန်းမာရေးဝန်ထမ်းများအတွက် လေ့လာသင်ကြားရေး ၀က်ဘ်ဆိုဒ်တစ်ခု ပြုလုပ်ပေးထား ပါသည်။
OnDoctor ၏ အနာဂတ်ခြေလှမ်းများ
(၁) နယ်လှည့်ဆေးကုသခြင်း
OnDoctor သည် မိုဘိုင်းကျန်းမာရေးဝန်ဆောင်မှုပေးသည့်အပြင်မြန်မာပြည်အနှံ့အပြားမှ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသူများအတွက် နေရပ်အရောက် ကျေးရွာအရောက် ဆေးကုသခြင်းအစီအစဉ်များကိုပါ ၀န်ဆောင်မှုပေးရန်စီစဉ်လျှက် ရှိပါသည်။ ဤအစီအစဉ်တွင် ၄င်းတို့၏မိုဘိုင်းဖုန်းများမှတစ်ဆင့် OnDoctor ကျန်းမာရေးဝန်ဆောင်မှုများကို အချိန်မရွေးနေရာမရွေးမှအသုံးပြုနိုင်ရန်လည်းမိတ်ဆက်လမ်းညွှန်ပေးသွားခြင်းဖြင့် စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုကိုလူအများရရှိနိုင်ရန် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
(၂) ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအကြားချိတ်ဆက်ပေးခြင်း
ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပါဝင်ကူညီလိုသူများ အချင်းချင်း ဆက်သွယ်နိုင်မည့် ကွန်ယက်တစ်ခုကိုလည်း မကြာမီ အကောင်အထည်ဖော်သွားရန် စီစဉ်ထားပါသည်။ ထို ချိတ်ဆက်မှုတွင် အဖွဲ့အစည်းတစ်ခုအတွင်းအချင်းချင်းချိတ်ဆက်ခြင်းနှင့် အဖွဲ့အစည်းများအကြား ချိတ်ဆက် ခြင်းတို့ ပါဝင်မှာဖြစ်ပြီး အရေးပေါ်အခြေအနေများ၊ သဘာဝဘေး အန္တရာယ်ကြုံတွေချိန်များတွင် ကူညီပံ့ပိုးရာ၌ များစွာ အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။
(၃) ကျန်းမာရေးလမ်းညွှန်
ကျန်းမာရေးစောင့်ရှောက်မှုပေးရာနေရာများနှင့် ၀န်ဆောင်မှုများကို အလွယ်တကူရှာဖွေနိုင်ရန် လမ်းညွှန် များ၊ မြေပုံများကို ၀က်ဆိုဒ်စာမျက်နှာများနှင့် မိုဘိုင်းအက်ပလီကေးရှင်းများတွင် ဖော်ပြပေးသွားမည် ဖြစ်သည်။
ပုးပေါင်းပါဝင်နိုင်မည့် အခန်းကဏ္ဍ
(၁) ကျန်းမာပျော်ရွင်ဖွယ်ကောင်းသော လုပ်ငန်းခွင်
ဝန်ထမ်းများ လုပ်ငန်းခွင်တွင် ပိုမို၍တက်ကြွစွာ ပါဝင်ဆောင်ရွက်လာနိုင်စေရန် OnDoctor နှင့် ပူးပေါင်းပြီး ကျန်းမာသော လုပ်ငန်းခွင်ဖြစ်အောင် ဖန်တီးခြင်း။
(၂) ၀န်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
ကုန်ထုတ်လုပ်မှုပိုမိုတိုးတက်လာခြင်း၊ အလုပ်ထွက်မှုနှုန်းလျော့ကျလာခြင်း၊ လုပ်ငန်းရှင်နှင့် အလုပ်သမား ကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာခြင်း၊ ကျန်းမာပျော်ရွှင်ဖွယ်ကောင်းသော လုပ်ငန်းခွင်ဖြစ်စေရန် OnDoctor မှ ကျန်းမာရေးစောင့်ရှောက်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို စဉ်ဆက်မပြတ် ခံယူခြင်း။
(၃) အထောက်အပံ့ကောင်းများ လုပ်ဆောင်ခြင်း
မြန်မာနိုင်ငံ၏ Telehealth စနစ်အောင်မြင်ဖြစ်ထွန်းရေးအတွက် OnDoctor ၏ “Good for Business, Good for Health” အစီအစဉ်တွင် တတပ်တအား ပူးပေါင်းပါဝင်ခြင်း။
ပူးပေါင်းပါဝင်သူများရရှိနိုင်မည့် အကျိုးကျေးဇူးများ
လူနာများ
- အမြင့်မားဆုံးသော ဂရုစိုက်မှု၊ အကောင်းဆုံးသော ဆေးကုသမှုဆိုင်ရာစံနှုန်းများဖြင့် ဆရာဝန်များ၏ အွန်လိုင်းမှတဆင့် အနီးကပ်စောင့်ရှောက်မှုကိုရရှိနိုင်ခြင်း။
- ဆရာဝန်များ၏ အကြံပြုဆွေးနွေးချက်များကို အချိန်မရွေးနေရာမရွေး အခမဲ့ရယူနိုင်သဖြင့် လူတစ်ဦး ချင်းစီ၏ ကျန်းမာရေးအသုံးစရိတ် လျော့နည်းသွားနိုင်ခြင်း၊ မိမိ၏ ကျန်းမာရေးကို မိမိ၏ နေရပ်၌ပင် ပိုမို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ခြင်း။
- လူနာ၏ မိသားစုအတွက် ၀န်ထုတ်ဝန်ပိုးများ လျှော့ချပေးနိုင်ခြင်းနှင့် လူနာအားမိသားစုနှင့် မိတ်ဆွေ သူငယ်ချင်းများမှ အနီးကပ် ပြုစုစောင့်ရှောက်မှုပေးနိုင်ခြင်း။
ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ
- ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် မိမိတို့၏ ၀န်ဆောင်မှုများကို လူအများစုထံ အလွယ်တကူ ပေးပို့ပေးနိုင်ခြင်း။
- လူနာများကို ကြည့်ရှုစစ်ဆေးရန် တစ်နေရာမှတစ်နေရာသို့ သွားလာရသော အချိန်များ သက်သာလာ စေနိုင်ပြီး အလုပ်ပြီးမြောက်အောင်မြင်မှုနှုန်း ပိုမိုတိုးတက်လာကာ ဘဝနေထိုင်မှု အရည်အသွေးလည်း မြင့်မားလာနိုင်ခြင်း။
ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုလုံးအတွက်
- ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်သည့် လူနာအရေအတွက်တိုးပွားလာခြင်းကို ဆရာဝန် အရေအတွက် အနည်းငယ်ဖြင့် စောင့်ရှောက်မှုပေးနိုင်စေခြင်း။
- ကုန်ကျစရိတ် အနည်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုကို လူအများစုထံ ပေးနိုင်ခြင်း။
- မေးမြန်းသူလူနာများအနေဖြင့် အထူးကုများဖြင့် ကုသရန်လိုအပ်ပါကလည်းသက်ဆိုင်ရာ ကျွမ်းကျင် အထူးကုများထံ လမ်းညွှန်ပေးနိုင်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံးအတွက် မလိုလား အပ်သော ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်ခြင်း။