Telehealth ဆိုတာ ၂၁ ရာစု ခေတ်မီ တယ်လီဖုန်းဆက်သွယ်ရေး နည်းပညာကိုအသုံးပြုပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးပညာပေးခြင်း စသည်တို့ကို အလွယ်တကူပြုလုပ်နိုင်အောင် ဖန်တီးထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ဆေးရုံဆေးခန်းတွေမှာလို ဆေးထိုး ဆေးစစ် ဓါတ်မှန်ရိုက်ခြင်းစတဲ့ Clinical Services တွေမဟုတ်ဘဲ အထွေထွေကျန်းမာရေးကိစ္စတွေ ဆွေးနွေးတိုင်ပင်ဖို့ ဆေးရုံဆေးခန်းတွေ သွားစရာမလိုပဲ မိုဘိုင်းဖုန်းမှတဆင့် ဆရာဝန်နှင့်တိုက်ရိုက် ဆွေးနွေးတိုင်ပင်နိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုဖြစ်ပါတယ်။
အနောက်တိုင်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ Telehealth စနစ်ကိုအသုံးပြုလာကြတာ ဆယ်စုနှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ယခုဆိုလျင် ထိုဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ Telehealth စနစ်ကိုကျော်လွန်၍ ပိုမိုကောင်းမွန်တဲ့ Telemedicine ဆိုတဲ့ နည်းပညာကိုအသုံးပြုနေကြပြီဖြစ်ပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ Telehealth ကိုအသုံးပြုလာတာကြာခဲ့ပေမဲ့ ယနေ့မြန်မာနိုင်ငံမှာ Telehealth စနစ်ကို စတင် အသုံးပြုနေတာ သိပ်မကြာသေးဘူးဖြစ်ပါတယ်။
Telehealth ရဲ့အဓိကရည်ရွယ်ချက်ကတော့ မဖွံ့ဖြိုးသေးတဲ့ ကျေးလက်ဒေသတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နေရာဒေသတွေ၊ စက်ရုံအလုပ်ရုံရှိ ဝန်ထမ်းတွေကို လွယ်ကူတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်ဖြစ်ပါတယ်။
ယခုလို မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် နည်းပညာ၊ ဆက်သွယ်ရေး စတဲ့ အခက်အခဲများစွာရှိနေပါတယ်။ အဓိကအားဖြင့် မဖွံ့ဖြိုးသေးတဲ့ နေရာဒေသ တွေအတွက် ပိုမိုခက်ခဲပါတယ်။
ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး Telehealth ကုမ္ပဏီ OnDoctor ဆရာဝန် နှင့် နည်းပညာလူငယ်တစ်ချို့ ထူထောင်ခဲ့ကြပါတယ်။
ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ပြည်သူများနှင့် နိုင်ငံရပ်ခြားရောက် မြန်မာပြည်သူများအတွက် အခမဲ့ အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် OnDoctor Telehealth ကုမ္ပဏီကို
သို့ပေမဲ့လည်း ပြီးပြည့်စုံတဲ့ Telehealth စနစ်ကို အကောင်အထည်ဖေါ်ရာမှာ Telehealth ကုမ္ပဏီသာမက ဆရာဝန်၊ ဆေးရုံဆေးခန်း၊ အလုပ်ရုံစက်ရုံ နှင့် ဆက်သွယ်ရေး အော်ပရေတာ တွေပါဝင်ဖို့လည်း လိုအပ်ပါတယ်။