Universal Health Coverage (UHC) ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးလွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတွင် OnDoctor Telehealth Solutions ၏ Initiative တစ်ခုဖြစ်သည့် Good for Health Good for Business (ကျန်းမာပျော်ရွှင်သောလုပ်ငန်းခွင်) မိတ်ဆက်ပွဲကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်က နေ့လည် ၁ နာရီခွဲကနေ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ရှိ Chatrium Hotel Grand Ballroom မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားမှာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က “Healthy Workplace means Healthy Business” ခေါင်းစဉ်နဲ့ အမှာစကားပြောကြားခဲ့ပြီး ပါမောက္ခဒေါက်တာ S ကျော်လှ က “Telehealth Role in Universal Health Coverage” အကြောင်းအရာကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ အဲဒီ နောက် OnDoctor Co.,Ltd ရဲ့ CEO ဖြစ်သူ ဒေါက်တာထက်ဇံလင်းက No one is Left Behind ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Unhealthy Workplace Report ကို Yever Consultancy Research မှ လည်းကောင်း OnDoctor Telehealth Solutions ရဲ့ လုပ်ငန်းစဉ်ရည်ရွယ်ချက်၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အနာဂတ်အစီ အစဉ်အကြောင်းတွေကို အကျယ်တ၀င့်မိတ်ဆက်ရှင်းလင်းပြောပြခဲ့ပါတယ်။
တက်ရောက်လာကြတဲ့ လုပ်ငန်းရှင် တွေက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး အခမ်းအနားကို ညနေ ၄ နာရီမှာ ရုတ်သိမ်းခဲ့ပါတယ်။ OnDoctor (ကျန်းမာရေး အမေးအဖြေ)ရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/OnDoctor/ ၊ http://ondr.co/ Website ၊ ကျန်းမာရေးအမေးအဖြေ Viber Public Chat နဲ့ OnDoctor App ဖြစ်တဲ့ https://im.ondr.co/ondrapp ကနေ ကျန်းမာရေးဆိုင်ရာမေးခွန်းများ ၀င်ရောက်မေးမြန်းနိုင်ပြီး၊ ကျန်းမာရေး အသိပညာဗဟုသုတဆောင်းပါးတွေကို အွန်လိုင်းကနေတစ်ဆင့် အခမဲ့ ဖတ်ရှုလေ့လာနိုင်ပါတယ်။
ကျေးဇူးအထူးတင်ရှိခြင်း
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ပြုလုပ်ခဲ့ပါသော OnDoctor Telehealth Solutions ရဲ့ Good for Business, Good for Health (ကျန်းမာပျော်ရွှင်သောလုပ်ငန်းခွင်) မိတ်ဆက်ပွဲမှာ ဆွေးနွေးပေးကြပါသော ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ ပါမောက္ခဒေါက်တာ S ကျော်လှ၊ Mr. Nicolas Delange (Yever Consultancy Research) တို့အားလည်းကောင်း၊ အချိန်ပေးပြီး တက် ရောက်လာကြပါသောဆရာဝန်ကြီးများ၊ ဖိတ်ကြားထားပါသော ကုမ္ပဏီအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် သတင်းမီဒီယာအသီးသီးတို့ကို OnDoctor Co.,Ltd က ကျေးဇူးအထူးတင်ရှိ ပါသည်။