ဇာနည်တစ်ယောက် ကျောင်းပြီးကတည်းက ဦးလေးဖြစ်သူကုမ္ပဏီတွင် အလုပ်ဝင်လုပ်နေသည်။ ဦး လေးတို့က ဘိုးစဉ်ဘောင်ဆက် ကြီးပွားချမ်းသာလာကြသူတွေ။ မန္တလေးတွင် ဦးလေးတို့ မိသားစုကို မသိသူ မရှိ။ အလှူအတန်းရက်ရောသည့်နေရာတွင်လည်း ဦးလေးတို့ မိသားစုကနာမည်ကြီး။
ဇာနည်တစ်ယောက် ရွှေပင်နားတော့ ရွှေကျီးဖြစ်သလို ဦးလေးကုမ္ပဏီတွင် အလုပ်ဝင်လုပ်ပြီး အမေတို့ အဖေတို့ကို ကျေးဇူးဆပ်နိုင်တော့ ၀မ်းသာမိသည်။ ကုမ္ပဏီတွင် သူကဦးလေး၏ လူယုံလို့လည်းပြောလို့ရသည်။ Manager လို့လည်း ပြောလို့ရသည်။
တစ်နေ့ သူငယ်ချင်းတစ်ယောက်နှင့်တွေ့ပြီး တာဝန်သိလူမှုကူညီမှုလုပ်ငန်းများဆိုတာကို ကြားဖူးလာ သည်။ အစကတော့ ဒီစကားလုံးက ကိုယ်နှင့် စိမ်းနေသည်။ တာဝန်သိလူမှုကူညီမှုလုပ်ငန်းများတဲ့။
“ငါအခုမှကြားဖူးတာ။ ဘယ်လိုလုပ်ငန်းမျိုးကိုပြောတာလဲ”
“တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်ရဲ့ ပတ်ဝန်ကျင်လူမှုအသိုင်းအ၀ိုင်းမှာ အကျိုးရှိတဲ့ လုပ် ငန်းတွေမှာ ကူညီတာမျိုးကို ဆိုလိုတာပါ။ မင်းတို့ ကုမ္ပဏီအနေနဲ့လည်းဒီလိုမျိုးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင် သင့် တယ်။”
“ငါနားလည်အောင်သေချာရှင်းပြစမ်းပါဦး”
“ဒီလိုမျိုးကွာ၊ အခုဆိုရင် ငါတို့နိုင်ငံဖွံဖြိုးတိုးတက်ဖို့အတွက် အစိုးရတစ်ခုတည်း အပေါ်ကိုပဲ မှီခိုနေလို့ မရဘူး။ ပြည်သူလူထုအားလုံးကလည်း တက်ညီလက်ညီနဲ့ အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ပါဝင်ဆောင်ရွက် သင့်တယ်။”
“အေး ဟုတ်တယ်။ မင်းပြောတာ မှန်တယ်။”
“ဒီလိုကွာ အခုဆိုရင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်လုပ်ငန်းတွေ ရှိ တယ်။ ဒါမျိုးတွေမှာမင်းတို့ ကုမ္ပဏီကကူညီလုပ်ဆောင်ပေးတယ်ဆိုရင် မင်းတို့က တာဝန်သိကုမ္ပဏီတစ်ခုလို့ ဆိုလို့ ရတယ်။ ”
“အင်း နည်းနည်းသဘောပေါက်လာပြီ။ ဆက်ရှင်းပြပါဦး။”
ဇာနည်တစ်ယောက် သူငယ်ချင်းကို ခေါင်းလေးငြိမ့်ပြီးပြန်ပြောလိုက်သည်။
“နောက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ မင်းတို့ကုမ္ပဏီကကူညီပေးလို့လည်း ရ တယ်။ ဥပမာကွာ မင်းတို့ ကုမ္ပဏီက ဆေးခန်းလေးတွေဖွင့်ပေးပြီး ကျေးလက်နေလူတန်းစားတွေအတွက် အခမဲ့ဆေးကုပေးတာတွေ၊ ကျေးလက်မှာရှိတဲ့ ကျန်းမာရေးမှုးတွေရဲ့ အရည်အချင်းကို တိုးတက်အောင် သက် ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး သင်တန်းတွေတက်ရောက်ဖို့ ကူညီပေးဆိုရင်လည်း ဒါဟာ တာဝန်သိ လူမှု ကူညီမှုလုပ်ငန်းတွေကိုလုပ်ဆောင်တဲ့ ကုမ္ပဏီပေါ့ကွာ”
“ငါတို့ ကုမ္ပဏီအနေနဲ့လည်း အလှူအတန်းတွေကို အမြဲလုပ်ကိုင်နေတာပဲလေ”
“ဟုတ်ပါတယ်။ ကိုယ်လုပ်နေတာတွေကတကယ်အကျိုးရှိရဲ့လားလို့သိဖို့ပဲလိုတယ်။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးလုပ်ငန်းတွေ၊ ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာကူညီမှ အကျိုးရှိမှာပေါ့”
“ဒါမျိုးတွေ လုပ်ရင် အကျိုးရှိမယ်ဆိုတာ မင်းဘာကိုပြောတာလဲ။ လှူကတည်းကဘာကိုမှ မမျှော်လင့် ဘဲ လှူခဲ့တာတွေပဲလေ”
“အကျိုးအမြတ်ကို မကြည့်ရတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီအတွက်တော့ ဒါမျိုးတွေ လိုအပ် လာတယ်။ မင်းတို့ ကုမ္ပဏီကသာ ဒါမျိုးလုပ်ငန်းတွေမှာလုပ်ကိုင်နေတယ်ဆိုရင် UNGC အဖွဲ့ဝင်ထားရင် ပို ကောင်းမှာ”
“UNGC ဆိုတာ ဘာကိုပြောတာလဲ”
“UNGC လို့ United Nations Global Compact ပါ။ UNGC စမခင် United Nation(UN) ကနေ စပြောရမှာပဲ။ UN ကို ၁၉၄၅ ခုနှစ်မှာ ကမ္ဘာစစ်ကြီးပြီးတဲ့အချိန်မှာ နိုင်ငံတကာက ခေါင်းဆောင်တွေက ငြိမ်းချမ်း ရေးအတွက် စခဲ့ကြတာ။ ၁၉၇၀ ပြည့်နှစ်လောက်ကျတော့ တိုးတက်တဲ့နိုင်ငံတွေရဲ့ Corporate က ကြီးထွား လာတော့ အဲဒီတိုးတက်လာတဲ့ နောက်ဆက်တွဲမှာ လူမှုပတ်ဝန်းကျင်ကို ထိခိုက်လာတာတွေကို မြင်လာကြ တယ်။ Corporate Social Responsibility (CSR) ကို ၇၀ ပြည့်နှစ်နောက်ပိုင်းမှာ စီးပွားေ၇းလုပ်ငန်းတွေ လုပ် လာကြရင် လူမှုပတ်ဝန်းကျင် အကျိုးရှိဖို့အတွက် တာဝန်ယူလာဖို့ စပြောလာကြတယ်။ နောက်တစ်ခု UNGC မှာက ရည်ရွယ်ချက်နှစ်ခုရှိတယ်။ တစ်ခုက ကမ္ဘာပေါ်မှာရှိတဲ့ လုပ်ငန်းတွေအားလုံးက သူ့ရဲ့ Principle ဆယ်မျိုး ကို သမားရိုးကျသဘောထားပြီး လုပ်ကိုင်ဖို့ ညွှန်းထားတယ်။ UN က ချမှတ်ထားတဲ့ပန်းတိုင်ကို အစိုးရအတွက် သာ အရင်က တာဝန်ချမှတ်ပေးခဲ့ပေမဲ့ ဒီ ၂၀၁၅ ခုနှစ်လောက်ကျတော့ ကမ္ဘာပေါ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်း တွေကို ခေါ်ထည့်လာတယ်။ ဘာလဲဆိုတော့ နိုင်ငံတကာ အစိုးရကလည်း ဒီကမ္ဘာကြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးဖို့ အတွက် လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ဖို့ ယုံကြည်လာတယ်။ အားကိုးလာကြတယ်လေ။”
“ ဒီလိုမျိုး UNGC အဖွဲ့ဝင်ထားမယ်ဆိုရင် မင်းတို့ကုမ္ပဏီကနေ UN ရဲ့ Logo အမှတ်တံဆိပ်ကို မင်းတို့ ကုမ္ပဏီအမှတ်တံဆိပ်နဲ့အတူတွဲပြီးသုံးစွဲခွင့်ရမယ်။ ဒါဆိုရင် မင်းတို့ ကုမ္ပဏီကိုလူတွေက ပိုပြီးအာရုံစိုက်မိလာ မယ်။ ပိုပြီးတော့ မင်းတို့ကုမ္ပဏီကိုလူတွေက ယုံကြည်လာမယ်။”
“နားတော့ လည်လာပြီ။ ဒါပေမဲ့ ငါဒီထက်ပိုပြီး သိချင်သေးတယ်။ ငါ့ဦးလေးကိုပြန်ပြောဖို့ဆိုတာ ဒီထက် တော့ ပိုသိရဦးမယ်။”
“မင်းဦးလေးကို ငါတစ်နေ့လာတွေ့မယ်လေကွာ”
“အိုကေ ကျေးဇူးသူငယ်ချင်း”
ဇာနည်တစ်ယောက် သူငယ်ချင်းကို နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။ လူမှုကူညီရေးလုပ်ငန်းများကို ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ပြီးအကျိုးရှိရှိအသုံးချရေး ထပ်မံလေ့လာရဦးမည်။