အမှန်တကယ်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု

ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်သူ ကိုစိုင်း မနက်စောစောထ၍ အတူတူလမ်းလျှောက်ဖြစ်ခဲ့တာ တစ်နှစ်ကျော်မျှ ရှိခဲ့ပြီ။ အကျိုးရလဒ်အနေနဲ့ ခန္ဓာကိုယ် ကျန်းမာရေးတစ်နေ့တစ်ခြား ပို၍ထူးခြားကောင်းမွန်လာခဲ့တယ်။ ဒါပေမဲ့ မပြောင်းလဲခဲ့တဲ့အရာက ကိုစိုင်းတစ်ယောက်ပင်။ တစ်မနက်လုံးလမ်းလျှောက်ပြီးလို့အပြန် လမ်းထိပ်က စတိုး ဆိုင်ဝင်ပြီး အအေးဝယ်သောက်နေတာ ကျွန်တော်နဲ့ တွေ့ကတည်းက အခုချိန်ထိပါပဲ။ သူ ဘာကြောင့် အဲဒီလောက်ထိစွဲနေမှန်း ကျွန်တော်နားမလည်နိုင်ဘူး ဖြစ်နေတယ်။ အအေးမကြိုက် တတ်တဲ့ကျွန်တော် တစ်နေ့သူ့နောက်လိုက်ပြီး အအေးဝယ်သောက်မယ်ဆိုပြီး လိုက်သွားမိတယ်။ အမျိုးအစား စုံလင်စွာထည့်ထားတဲ့ရေခဲသေတ္တာကို ကျွန်တော်တွေ့လိုက်မိတဲ့နောက်မှာတော့ ကိုစိုင်းဘာကြောင့် စွဲသောက် နေသည်ကို နည်းနည်းနားလည်လာသလို ရှိတယ်။ အအေးမကြိုက်တတ်သူ ကျွန်တော်တောင်မှ သောက်ချင် စိတ်တွေ တဖွဖွ ဖြစ်လာတယ်။ မနေနိုင်တာနဲ့ အအေးတစ်ဘူးဝယ်ပြီး ပြန်ထွက်လာခဲ့တယ်။ လမ်းတစ်လျှောက် အအေးသောက်ရင်း စဉ်းစားလာခဲ့တာ ကိုစိုင်းနဲ့ စကားတောင် မပြောဖြစ်ခဲ့ဘူး။…

ဝန်ထမ်းတွေ ခွင့်မယူရဘူးလား

ဒီကနေ့  စီးပွားရေးလုပ်ငန်းခွင်တွေ အများဆုံးကြုံတွေ့  နေရတဲ့ ဝန်ထမ်းရေးရာ စိန်ခေါ်မှုတွေထဲမှာ ဝန်ထမ်းများ ခွင့်ယူခြင်းက အဓိကပါဝင်နေပါတယ်။ လုပ်ငန်းခွင်တွေအနေနဲ့  နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေသတွေနဲ့  အညီ ဝန်ထမ်းများခွင့်ယူနိုင်ဖို့ အတွက် ဝန်ထမ်းရေးရာမူဝါဒနဲ့  စည်းမျဉ်းစည်းကမ်းတွေ ထားကြပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေဟာ စည်ကမ်းလိုက်နာသူတွေအတွက် နစ်နာမှုမရှိစေဖို့ ရာ ရည်ရွယ်သော်လည်း ဝန်ထမ်းတွေအတွက် မဖြစ်မနေခွင့်ယူရတဲ့ အကြောင်းအရာတွေက အကြိမ်ကြိမ်ကြုံနေရတာကြောင့် ဝန်ထမ်းရော လုပ်ငန်းခွင်ပါ အခက်အခဲရှိကြပါတယ်။ ခွင့်ယူရခြင်းအကြောင်းရင်းကို အဖြေရှာကြည့်တဲ့အခါ ကျန်းမာရေးနဲ့  တစ်နည်းတစ်ဖုံပါတ်သက်နေတာကို သတိပြုမိကြမှာပါ။ ကိုယ်တိုင်နေမကောင်းခြင်းသာမက မိသားစုဝင်တစ်ဦးဦးနေမကောင်းခြင်းကလည်း ခွင့်ယူရမယ့် အခြေအနေတွေ ဖြစ်စေတာကို တွေ့ ရပါတယ်။ ကျန်းမာရေးရာ စိန်ခေါ်မှုတွေဟာ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ဈေးကွက်ထဲကလုပ်ငန်းခွင်တွေရော ဘက်ပေါင်းစုံဖိအားတွေနဲ့ ဝန်ထမ်းတွေအတွက်ပါ…