ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်သူ ကိုစိုင်း မနက်စောစောထ၍ အတူတူလမ်းလျှောက်ဖြစ်ခဲ့တာ တစ်နှစ်ကျော်မျှ ရှိခဲ့ပြီ။ အကျိုးရလဒ်အနေနဲ့ ခန္ဓာကိုယ် ကျန်းမာရေးတစ်နေ့တစ်ခြား ပို၍ထူးခြားကောင်းမွန်လာခဲ့တယ်။ ဒါပေမဲ့ မပြောင်းလဲခဲ့တဲ့အရာက ကိုစိုင်းတစ်ယောက်ပင်။ တစ်မနက်လုံးလမ်းလျှောက်ပြီးလို့အပြန် လမ်းထိပ်က စတိုး ဆိုင်ဝင်ပြီး အအေးဝယ်သောက်နေတာ ကျွန်တော်နဲ့ တွေ့ကတည်းက အခုချိန်ထိပါပဲ။
သူ ဘာကြောင့် အဲဒီလောက်ထိစွဲနေမှန်း ကျွန်တော်နားမလည်နိုင်ဘူး ဖြစ်နေတယ်။ အအေးမကြိုက် တတ်တဲ့ကျွန်တော် တစ်နေ့သူ့နောက်လိုက်ပြီး အအေးဝယ်သောက်မယ်ဆိုပြီး လိုက်သွားမိတယ်။ အမျိုးအစား စုံလင်စွာထည့်ထားတဲ့ရေခဲသေတ္တာကို ကျွန်တော်တွေ့လိုက်မိတဲ့နောက်မှာတော့ ကိုစိုင်းဘာကြောင့် စွဲသောက် နေသည်ကို နည်းနည်းနားလည်လာသလို ရှိတယ်။ အအေးမကြိုက်တတ်သူ ကျွန်တော်တောင်မှ သောက်ချင် စိတ်တွေ တဖွဖွ ဖြစ်လာတယ်။ မနေနိုင်တာနဲ့ အအေးတစ်ဘူးဝယ်ပြီး ပြန်ထွက်လာခဲ့တယ်။
လမ်းတစ်လျှောက် အအေးသောက်ရင်း စဉ်းစားလာခဲ့တာ ကိုစိုင်းနဲ့ စကားတောင် မပြောဖြစ်ခဲ့ဘူး။ အဲဒီလောက်များတဲ့အအေးဘူးတွေကို မြန်မာနိုင်ငံမှာ ထုတ်လုပ်တာရော ဟုတ်ရဲ့လား၊ ဒါမှမဟုတ် နိုင်ငံခြားက နေပဲ တင်သွင်းတာလားဆိုတဲ့ သိချင်စိတ်က ဒွိဟ ဖြစ်နေတယ်။ တစ်နေ့ သူငယ်ချင်း ဦးလေးတစ်ယောက် အကူအညီဖြင့် ကျွန်တော် အရမ်းသိချင်နေတဲ့အဖြေကို သိဖို့ အခွင့်အရေးရခဲ့ပြီ။
အလုပ်နားတဲ့တစ်ရက် အအေးဗူးတွေ ထုတ်လုပ်တဲ့နေရာဖြစ်တဲ့စက်မှုဇုန်ရဲ့အသင်းအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးလေးကြီးနဲ့ ကျွန်တော်အလည်အပတ်ရောက်ဖြစ်ခဲ့တယ်။ တစ်ခါမှ မမြင်ဖူးတဲ့အအေးဘူး စား သောက်ကုန် ထုတ်လုပ်တဲ့စက်ရုံအတွင်း ရာနဲ့ထောင်နဲ့ချီတဲ့ ဝန်ထမ်းအလုပ်သမားတွေ အလုပ်လုပ်နေတာကို ပါးစပ်အဟောင်းသားနဲ့ ကျွန်တော် ငေးကြည့်နေမိခဲ့တယ်။
အဲဒီလိုနဲ့ စက်ရုံတစ်ခုပြီးတစ်ခုလေ့လာလို့ပြီး ညနေစောင်းအိမ်ပြန်တော့ ကားပေါ်မှာ ကျွန်တော်သိ ချင်နေတဲ့အရာတွေ တစ်ခုပြီးတစ်ခု ဦးလေးကြီးကို မေးပါတော့တယ်။
“ငါ့တူရေ …. အဲဒီစက်ရုံတစ်ရုံမှာ အနည်းဆုံးဝန်ထမ်း ၅၀၀၊ ၁၀၀၀ ရှိတယ်။ ကုန်ကြမ်းကနေ ကုန်ချော၊ ကုန်ချောမှတဆင့် စားသုံးသူထံ အရောက်သယ်ယူပို့ဆောင်ပေးတဲ့ထိပေါ့။ မနက်ကနေစပြီး အလုပ်လုပ်ရ တယ်၊ ညနေစောင်းမှ အိမ်ပြန်ကြတယ်လေ။ ဝန်ထမ်းအများစုကတော့ နီးနီးနားနားကပေါ့။ လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီစတဲ့ ရန်ကုန်မြို့ပြင်က လူတွေကြီးပဲ ငါ့တူရေ။ စီးပွားရေးတွေ သိပ်အဆင်မပြေတဲ့သူတွေ များတယ်။ ပညာရေးပိုင်းမှာလည်း အားနည်းကျတော့ အနီးအနားကစက်ရုံတွေမှာပဲ သူတို့ပေးတဲ့လစာနဲ့ အဆင်ပြေသလို ဝင်လုပ်နေတဲ့သူတွေတော့ များတယ်။”
ဒါနဲ့ ငါ့တူမေးတဲ့ ဘာ “ အွန်လိုင်းကနေ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလား” အဲဒါတွေကိုတော့ ဦးလေး သတိမထားမိဘူး။ အထူးသဖြင့် ဒီဝန်ထမ်း ၅ဝဝ၊ ၁ဝဝဝ ကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဆိုတာ မလွယ်ဘူးနော်။ ပြီးတော့ ဘယ်လိုလုပ်မှာလဲ ဦးလေးနားလည်အောင် ရှင်းပါဦး ငါ့တူရ”။
“အခုက ၂၁ ရာစုအိုင်တီခေတ် ရောက်နေပြီလေ ဦးလေးရဲ့။ စောစောက ကျွန်တော်ပြောတဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုတာ ဖုန်းရှိနေရုံနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးလို့ ရနေပြီလေ။”
ဦးလေးက နားမလည်သေးတဲ့ မျက်နှာအမူအရာနဲ့ “ဘယ်လိုဖုန်းရှိရုံနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေး လို့ရပြီ။ ဟုတ်လို့လား ငါ့တူရာ။ ဦးလေးတို့ နေထိုင်မကောင်းဖျားနာနေတာတွေကို ဘယ်လိုလုပ်ဖုန်းကနေ ကုလို့ ရမလဲ”။
“ဒီလိုဦးလေးရေ ကျွန်တော်ပြောတာက ဖုန်း၊ ဒါမှမဟုတ် ကွန်ပျူတာ၊ တက်ဘလက်ရှိရုံနဲ့ ဆရာဝန်ကြီး တွေနဲ့ ကျန်းမာရေးအခက်အခဲတွေကို တိုင်းပင်ဆွေးနွေး အကူအညီတောင်းလို့ ရတဲ့ဝန်ဆောင်မှုပြောတာဗျ။ သာမန်နေထိုင်မကောင်းနာစေးချောင်းဆိုးရောဂါတွေနဲ့ အမျိုးသား၊ အမျိုးသမီးတို့ရဲ့ ကျန်းမာရေးပြဿနာ တွေကို ဆရာဝန်၊ ဆရာဝန်မကြီးတွေနဲ့ အလွယ်တကူ အခမဲ့ဆွေးနွေးတိုင်ပင်လို့ ရတယ်။ အဲဒီလိုဝန်ဆောင်မှု ပေးလိုက်ခြင်းအားဖြင့် ဝန်ထမ်းတွေသာမက သူတို့ရဲ့မိသားစုအတွက်ပါ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးပြီးသားဖြစ်တယ်”။
ကျွန်တော်က ဆက်ပြီး “ဒါကြောင့် စက်ရုံအလုပ်ရုံတွေအနေနဲ့ သူတို့ရဲ့ဝန်ထမ်းတွေကို အခုလို ကျန်းမာရေးစောင့်ရှောက်မှုပေးလိုက်တဲ့အတွက် ကုမ္ပဏီရဲ့ကုန်ထုတ်လုပ်မှုတွေ အရည်အသွေးတွေ တဖြည်း ဖြည်းမြင့်တက်လာမယ်။ ဝန်ထမ်းတွေကိုလည်း ဒီထက်ပိုတဲ့အကျိုးခံစားခွင့်တွေ ပိုပေးနိုင်လာမယ်လေ ဦး လေးရဲ့။”
မျှော်လင့်ချက်တွေ ပြည့်လာတဲ့မျက်ဝန်းတွေနဲ့ ဦးလေးက “ကောင်းလိုက် ငါ့တူရာ၊ ကုမ္ပဏီတွေသာ အဲဒီလိုကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရင် ဘယ်လောက်များကောင်းလိုက်မလဲကွာ။ ဝန်ထမ်းအတွက်လည်း အကျိုးရှိ။ ဝန်ထမ်းတွေရဲ့မိသားစုအတွက်လည်း အကျိုးရှိ။ ကုမ္ပဏီအတွက်သာမက ပတ်ဝန်းကျင်အတွက် လည်း အကျိုးရှိ။ အမှန်တကယ် အကျိုးရှိတဲ့ဝန်ဆောင်မှုမျိုးပဲ ငါ့တူရေ။ ကဲကဲ… အိမ်လည်း ရောက်တော့ မယ်ဆိုတော့ စကားလက်စသတ်လိုက်တော့မယ်။ ငါ့တူပြောတဲ့ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကို ဦးလေးအရမ်းစိတ်ဝင်စားသွားပြီ။ နောက်နေ့ကျရင် အသေးစိတ်လာတိုင်ပင်ဦးမယ်”။
“ဟုတ်ကဲ့ ဦးလေး။ ဒါဆို ကျွန်တော်သွားလိုက်ဦးမယ်နော်။ နောက်မှတွေ့ကြတာပေါ့။ ကိုစိုင်းကိုလည်း ပြော လိုက်ပါဦး။ ဦးလေးနဲ့ သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့”
“ကောင်းပါပြီဗျာ”။