နယ်ပယ်အသီးသီးတွင် အဆင့်မြင့်နည်းပညာများ အသုံးပြုပြီး တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဆေးပညာ ရပ်တွင်လည်း Telehealth ၏ အခန်းကဏ္ဍသည် တနေ့တခြားပိုမိုကျယ်ပြန့်လာနေသည်။ Telehealth ဆိုသည် မှာ နည်းပညာအထောက်အကူပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုဖြစ်ပြီး တနည်းအားဖြင့် ဆေးရုံ၊ ဆေးခန်း များထိ သွားရောက်ကုသခံယူရန်မလိုဘဲ အွန်လိုင်းမှတဆင့် အလွယ်တကူ ရယူနိုင်သည့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုမျိုးဖြစ်သည်။ လက်ရှိအချိန်တွင် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများတွင် အထူးတလည် မိတ်ဆက်နေစရာ မလိုသော်လည်း ကျွန်ုပ်တို့မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် ပြည်သူ့လူထုအတွက် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဗဟုသုတပေးနိုင်သော Telehealth စနစ် ပိုမိုပြန့်ကားလားစေရန် ကြိုးပမ်းနေကြပြီ။ လူတိုင်းလက်လှမ်းမှီသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးအတွက် Telehealth ၏ တစိတ်တပိုင်းဖြစ်သော mHealth (mobile health) ကို မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော်လျှက်ရှိ သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသာမက ပြည်သူလူထုဘက်မှလည်း အမှန်တကယ် သိရှိနားလည် ပြီး အသုံးချနိုင်ရန်လည်း လိုအပ်လှပေသည်။
အခုချိန်တွင် ပြည်ပဖုန်းအော်ပရေတာများကို လုပ်ကိုင်ခွင့်ပေးပြီးတဲ့နောက် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုမှုဟာ သိသိသာသာတိုးတက်လာခဲ့ပြီး အင်တာနက်အသုံးပြုမှုနှုန်း ပိုမိုများပြားလာသည်။ ခန့်မှန်းချက် အရ မြန်မာနိုင်ငံတွင် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းသည် Facebook ၊ Viber ၊ Instagram၊ LINE စသည့် Social Network ကို တွင်ကျယ်စွာ အသုံးပြုနေကြပြီဟု ဆိုကြသည်။ နေ့စဉ်အလုပ်တာဝန်တွေကြောင့် မအားလပ်နိုင် သော မြို့ပြနေပြည်သူတွေအတွက်လည်း mHealth ဟာ အထောက်အပံ့ကောင်းတစ်ခု ဖြစ်နိုင်စေပြီး လုပ်ငန်း ခွင်ဝင်နေသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည်လည်း အမှန်တကယ် လိုအပ်လျက်ရှိသည်။
လုပ်ငန်းခွင်များထဲတွင် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များကို ၀န်ဆောင်မှုပေးနေသောလေ ကြောင်းလိုင်းကဏ္ဍလည်း တစ်ခုအပါအ၀င်ဖြစ်ပေသည်။ လက်ရှိမြန်မာနိုင်ငံတွင် ပြည်တွင်းလေကြောင်းလိုင်း ပေါင်းဆယ်လိုင်း ရှိပြီး နိုင်ငံတကာလေကြောင်းလိုင်း နှစ်ဆယ်ခန့် ပြေးဆွဲလျက်ရှိနေသည်။ နေ့စဉ်မြန်မာနိုင်ငံ အတွင်းသာမက ပြည်ပသို့ လေကြောင်းလိုင်းဖြင့် သွားလာလှုပ်ရှားနေကြသည့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်ပေါင်း ပျမ်းမျှနှစ်သောင်းခွဲ ၀န်းကျင်ရှိပါသည်။ သို့ဖြစ်ပါ၍ အချိန်ပြည့်တာဝန်ထမ်းဆောင်နေရသော လေယာဉ်အမှုထမ်းများအတွက် လုပ်ငန်းခွင်တွင်းကျန်းမာရေးစောင့်ရှောက်မှုသည်လွန်စွာအရေးပါလှပေသည်။ မိမိ၏လုပ်ငန်းခွင်အတွင်း အချိန်နှင့်တပြေးညီကျန်းမာရေး စောင့်ရှောက်မှုရရှိကြပါက အလုပ်တာဝန်များကို မလစ်ဟင်းဘဲ ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်နိုင်မှာ ဖြစ်သည်။
အနောက်နိုင်ငံများတွင် လေယာဉ်မှူးများအတွက် mHealth ဖြင့် ကျန်းမာသောအလေ့အထများကို အသိပညာပေးပြီး ကျန်းမရေးစောင့်ရှောက်မှုများကို လေကြောင်းလိုင်းများမှ စီစဉ်ဆောင်ရွက်ပေးလျှက်ရှိသည်။ mHealth ၏ အဓိကရည်ရွယ်ချက်မှာ အချိန်မရွေး နေရာမရွေး ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေးဖြစ်သည်။ ပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့ ရောက်ရှိနေစဉ်တွင်ပါ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်မှာဖြစ်ပေ သည်။ ထို့အပြင် မိမိအတွက်သာမက ခရီးသည်များအတွက်လည်း အခြေခံကျန်းမာရေးစောင့်ရှောက်မှု ဗဟု သုတများကို ရရှိနိုင်မှာဖြစ်ပါသည်။ ကောင်းမွန်သောဝန်ဆောင်မှုများကို ကျန်းမာသောလေကြောင်းဝန်ထမ်းများ မှသာ ပေးစွမ်းနိုင်မည်ဖြစ်သည်။ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအပြင် အဓိက အရေးကြီးဆုံးဖြစ်သောဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ကိုလည်း mHealth ၏ အကူအညီဖြင့်များစွာ အထောက်အကူရရှိနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။