ဆောက်လုပ်ရေးလုပ်သားများသည် ပြည်သူပြည်သားအားလုံးအတွက် လမ်း၊ တံတား၊ အိမ် ၊ စက်ရုံအလုပ်ရုံတွေ အခြေခံလူနေအိမ်အဆောက်အဦးတွေကို ဆောက်လုပ်ပေးကြရသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် စက်ပစ္စည်းယန္တရားကြီးများဖြင့် တည်ဆောက်ကြရသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်သည် အန္တရာယ် များသောလုပ်ငန်းခွင်ဖြစ်သည်ဟု ဆိုရပေမည်။ များသောအားဖြင့် ဆောက်လုပ်ရေးလုပ်သားအများစုသည် အခြေခံလူတန်းစားများဖြစ်ကြပြီး နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားကြရသည်။ အလုပ်သမားများအ နေဖြင့် စားဝတ်နေရေးအတွက် ရုန်းကန်ရမည်ဖြစ်သောကြောင့် အသက်အန္တရာယ် ရှိသည်မရှိသည်ကို မစဉ်းစား နိုင်တော့ဘဲ ကြုံရာကျပန်း ၀င်လုပ်ကြရသည့် အနေအထားများရှိနေရသည်ဟု ဆိုရပေမည်။
ဆောက်လုပ်ရေးလုပ်သားများအနေဖြင့် မနက်လာအလုပ်ဆင်း၊ ညနေအလုပ်သိမ်း အိမ်ပြန်စသဖြင့် နေ့စဉ်လှုပ်ရှားလည်ပတ်နေရသည်။ တစ်ခါတရံ နေမကောင်းဖြစ်လျှင် နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေ ရသည်ကတစ်ကြောင်း၊ ငွေကြေးလုံလောက်မှု မရှိသည်ကတစ်ကြောင်း ဆေးခန်းသို့ မသွားနိုင်ဘဲ ရရာဆေးများ ဖြင့် ကုသကြသည်။ ထိုသိုသောအခြေနေသည် ရောဂါကို အလွယ်တကူ မပျောက်ကင်းနိုင်ပါ။ ထို့အတွက်ကြောင့် အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်သို့ မ၀င်ရောက်နိုင်ဘဲဖြစ်ရာ နေ့စဉ်ဝင်ငွေထိခိုက်ပြီး စားဝတ်နေရေး အခက်အခဲကြုံ၊ တခြားအကျိုးသက်ရောက်မှုအနေဖြင့် မိသားစုအတွက် ထိခိုက်မှုများစွာဖြစ်ကြတယ်။ တစ်ဖက်မှ လည်း အလုပ်မဆင်းနိုင်သဖြင့် လုပ်ငန်းခွင်ပြီးစီးမှု ကြန့်ကြာနှောင့်နှေးခြင်များ ဖြစ်ပေါ်စေရုံသာမက လုပ်ငန်းရှင် အတွက်ပါ ထိခိုက်မှုများစွာ ဖြစ်လာနိုင်ပေသည်။
ထို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေနှင့် မိမိတို့၏အလုပ်သမားများအတွက် ကျန်းမာရေး အာမခံထားပေးထားခြင်း၊ ဒါမှမဟုတ် ကျန်မာရေးစောင့်ရှောက်မှုပေးနိုင်မည့် အစီအစဉ်တစ်ခု ဖန်တီးပေးမည် ဆိုပါက အလုပ်သမားများ၊ ၀န်ထမ်းများအတွက် နေမကောင်းဖြစ်မှုနှုန်းများ လျော့ကျသွားပြီး ယင်းတို့၏ လုပ်ငန်း စွမ်းဆောင်ရည်မြင့်တက်လာပြီး ကုမ္ပဏီအတွက် များစွာအကျိုးရှိနိုင်ပါသည်။
ထိုအထဲမှ ငွေကုန်ကြးကျသက်သာသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့်အစီအစဉ်ဆိုသည်မှာ လွယ်ကူရမည်၊ မြန်ဆန်ရမည်၊ လူကြီးလူငယ်အရွယ်မရွေး၊ နေရာမရွေး အချိန်မရွေးအသုံးပြုနိုင်မည့် ကုန်ကျ စရိတ်သက်သာရမည့် Telehealth ကျန်းမာရေးစောင့်ရှောက်မှုတွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းချင်ပါသည်။ Telehealth သည် မိုဘိုင်းဖုန်းရှိရုံဖြင့် အလွယ်တကူအသုံးပြု၍ ရသောကြောင့် Telehealth ကို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့်
မိမိ၏အလုပ်သမားအနေဖြင့် ငွေကြေးကုန်ကျသက်သာစေသည့် ကျန်းမာရေးစောင့် ရှောက်မှုရရှိမည်ဖြစ်သည်။ ထို့ပြင် မိမိတို့ဝန်ထမ်းများသာမက ဆက်နွှယ်နေသောပတ်ဝန်းကျင် ( မိသားစု၊ သူငယ် ချင်း၊ မိတ်ဆွေအပေါင်းအသင်း)များမှာပါ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်ပါသေးသည်။ ထိုကဲ့သို့ ပူးပေါင်းပါ ၀င်ခြင်းဖြင့် ၀န်ထမ်းများ၊ အလုပ်သမားများတို့၏ သာယာလှပသော လုပ်ငန်းခွင်၊ အောင်မြင်မှုများ ပြည့်နှက်နေ သည့်အနာဂတ်ကို Telehealth နှင့်အတူ လုပ်ငန်းရှင်များကလည်း ၀ိုင်းဝန်းဖန်တီးပေးလိုက်ကြပါစို့။