“ဟူး…ငါ့ယောက်ျားထွက်သွားတာကြာပြီ၊ အခုထိပေါ်မလာသေးဘူး။”
အဖျားတက်နေတဲ့ သမီးငယ် ယွန်းယွန်းကို အိပ်ယာပေါ်မှာပြုစုပေးရင်း စိုရိမ်ပူပင်သောကတွေပြည့်နေတဲ့ မေခင်တစ်ယောက် ခင်ပွန်းဖြစ်သူ ကိုရန်နိုင်ကိုစောင့်မျှော်နေသည်မှာ နာရီဝက်ကျော်မျှရှိနေသည်။
ခဏအကြာ ဆရာဝန်နှင့်အတူ ရေးကြီးသုတ်ပျာရောက်လာတဲ့ ကိုရန်နိုင်ကို မြင်မှ မေခင် စိတ်အေးနိုင်တော့တယ်။
မေခင် ။ ။ ဆရာရေလုပ်ပါဦး သမီးတော်တော်အဖျားတက်နေတယ်။ မနေ့ညက ကိုယ်အဲဒီလောက်မပူသေးဘူး။ အခုမှ အပူအရမ်းတက်နေတယ်ဆရာ။
ဆရာဝန် ။ ။ သမီးက တော်တော်ဖျားနေတာပဲ မမေခင်။
မေခင် ။ ။ ဆရာ သမီး ဘာဖြစ်တာလဲမသိဘူးနော်။
ဆရာဝန် ။ ။ အရမ်းမစိုးရိမ်ပါနဲ့ မမေခင်။ သမီးအဖျားက ရိုးရိုးအဖျားပါ။ ဒါပေမဲ့ သမီးကိုယ်တွေ အရမ်းပူနေတယ် မမေခင်။ သမီးကို ဘာဆေးတွေတိုက်ထားလဲမသိဘူး။
မေခင် ။ ။ ဟုတ်ကဲ့ ဆရာ။ ကျွန်မက သမီးရိုးရိုးသာမှန် နေမကောင်းဖြစ်နေတယ်ဆိုလို့၊ အဲဒါ အိမ်မှာရှိတဲ့ အဖျားပျောက်ဆေးတွေတိုက်ထားတယ်ဆရာ။
ဆရာဝန် ။ ။ ဟာ!!! မမေခင်ရေ၊ နောက်ဆို အဲဒီလို ကိုယ်နည်းကိုယ်ဟာ ဘယ်တော့မှ ဖြစ်သလိုမလုပ်ပါနဲ့။ သမီးဖြစ်နေတာ သာမာန်ဖျားနေတာထက် အဲဒီလိုဖြေရှင်းတာက သမီးကို ပိုဆိုးသွားနိုင်တယ်။ နောက်ဆို ဆေးခန်းဖြစ်ဖြစ်၊ အိမ်နီးနားချင်း တတ်သိနားလည်တဲ့သူတွေနဲ့ဖြစ်ဖြစ် မေးမေးမြန်းမြန်း လုပ်ပါဗျာ။
ကိုရန်နိုင် ။ ။ မေခင်တော့ လုပ်ချလိုက်ပြန်ပြီဆရာရေ။ ကျွန်တော်သူ့ကို အမြဲတမ်းပြောတယ် ကိုယ်မသိမတတ်တဲ့ အရာတွေဆို တတ်သိနားလည်တဲ့သူတွေနဲ့ မေးမြန်းတိုင်ပင်မှလုပ်ပါလို့။
ဆရာဝန် ။ ။ ကဲကဲ ကျွန်တော် ဆေးညွှန်းရေးပေးခဲ့မယ် ကိုရန်နိုင်ရေ။ ဆေးမြန်မြန်သွားဝယ်ပြီး သမီးကိုတိုက်လိုက်ဦးနော်။ မမေခင်ရော ကလေးကို ဂရုစိုက်လိုက်ဦး။ ကျွန်တော်ပြန်လိုက်ဦးမယ်။
ကိုရန်နိုင်၊ မမေခင် ။ ။ ဟုတ်ကဲ့ဆရာ၊ ကျေးဇူးတင်ပါတယ်။
ဆရာပြန်သွားတာကို လင်မယားနှစ်ယောက်သား ငေးကြည့်ရင်း သမီးလေးအတွက် စိတ်အေးသွားတယ်။
ကိုရန်နိုင် ။ ။ မေခင်ရေ ကိုဆေးသွားဝယ်လိုက်ဦးမယ်။ သမီးကို တစ်ခုခုကြွေးထားလိုက်ဦး ပြန်လာရင် ဆေးတိုက်ရအောင်။
မေခင် ။ ။ အင်းပါ။ ရှင်လည်း ဆေးဝယ်ပြီးမြန်မြန်ပြန်လာဦး ဟိုဝင်ဒီဝင်လုပ်မနေနဲ့ဦး။ ရော့ဒီမှာ ဆေးဝယ်ဖို့ ပိုက်ဆံ။
ဆေးဆိုင်ရောက်တော့ ကိုရန်နိုင် ဆေးဝယ်နေတုန်း သူငယ်ချင်းဖြစ်သူ ကိုနေလင်းနှင့် တွေ့လေတော့ ဖြစ်ရပ်စုံ ဖွင့်ပြောလေတော့သည်။
ကိုနေလင်း။ ။ “ဟာကွာ မင်းတို့လင်မယား တအားပေါ့ဆတာပဲ၊ တော်သေးတာပေါ့ ကလေးတစ်ခုခုဖြစ် မသွားလို့။ နောက်ဆို သေသေချာချာဂရုစိုက်ပါ။ ကိုရန်နိုင်ရာ ဖြစ်သလို ကိုယ့်ဟာကို မလုပ်ပါနဲ့ ။ နားလည်တဲ့ သူတွေနဲ့တိုင်ပင်ပြီးမှလုပ်ပါ”။
သူက ဆက်ပြီး “ပေါ့သေးသေးမလုပ်ပါနဲ့ဗျာ မလိုအပ်ပဲ မဖြစ်သင့်တာတွေဖြစ်နေဦးမယ်။ ဘယ်အရာမှ “ကျန်းမာရေး” လောက်အရေးအကြီးဘူးဗျ မြတ်စွာဘုရားတောင်ဟောထားတယ်လေ “အာရောဂျံပရာမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါးတဲ့။ ကျွန်တော်ကတော့ ကျန်းမာရေးကို ပထမဦးစားပေးထားတယ်။ ကျန်းမာမှ လည်း အလုပ်လုပ်နိုင်မှာမဟုတ်လားဗျ။”
ကိုနေလင်း။ ။ “ဒါနဲ့ ကိုရန်နိုင်ကို ကျွန်တော် တစ်ခုပြောဦးမယ် ။ အကိုတို့မိသားစု Life Insurance လို့ခေါ်တဲ့ အသက်အာမခံ ထားတာ တွေရှိလားဗျ”။
ကိုရန်နိုင်။ ။ “ဘာလဲ ကိုနေလင်း ဟို အာမခံကြေးပေးပြီး နေမကောင်းဖြစ်ရင် ဆေးဖို့ပြန်ပေးတယ်ဆိုတာလား၊ ဘာလား အဲဒါကို ပြောတာလားဗျ”
ကိုနေလင်း။ ။“အင်းလေ ဟုတ်တယ်။ ဘာလဲ အကိုတို့ အာမခံထားလား။”
ကိုရန်နိုင်။ ။ “ဟာ မဟုတ်တာ ကိုနေလင်းရာ၊ ကျွန်တော်ကတော့ သူတို့ကို အာမခံကြေးပေး၊ ဖျားနာလို့ ဆေးခန်းတက် ဆေးရုံတက်ရင် အာမခံ ပိုက်ဆံပေးတာကြီးတော့ အာရုံမလာပါဘူးဗျာ။ ပြီးတော့ အဲဒီလိုအာမခံကြေးပေးထားတော့ အိမ်မှာ အနည်းငယ် နေထိုင်မကောင်းတာတို့၊ နာစေးချောင်းဆိုးတာတို့၊ ခေါင်းမူးခေါင်းကိုက်တာတို့ ဖြစ်ရင် ဘာများကူညီနိုင်မှာမို့လဲ။ အဲဒီလိုကျန်းမာရေးအသေးအဖွဲကိစ္စလောက်နဲ့တော့ ဘယ်သူမှဆေးခန်းသွားကြမှာမဟုတ်ဘူးလေ။”
ကိုနေလင်း။ ။ “ဟုတ်တယ် ကိုရန်နိုင်၊ ကျွန်တော်လည်း အစ်ကိုပြောထားသလိုပဲဆိုရင် အဲဒီအသက်အာမခံကုမ္ပဏီနဲ့ လုပ်ဖြစ်မှာမဟုတ်ဘူး။ အရင်ကတော့ အသက်အာမခံကုမ္ပဏီတွေက အကိုပြောသလိုပဲဗျ။ ဒါပေမဲ့ အခုကျွန်တော်တို့ မိသားစု အာမခံထားတဲ့ကုမ္ပဏီနဲ့တော့ မတူဘူးဗျ။ ကျန်တောတွေတော့ အတူတူပဲ။ ဘာကွာခြားသွားလဲဆို အင်တာနက်ကတဆင့် ဆရာဝန်တွေနဲ့ တိုက်ရိုက်အခမဲ့ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ဆွေးနွေးတိုင်ပင်ပေးတဲ့ဝန်ဆောင်မှုလေးပါ ပါတယ်ဗျ။
ကိုရန်နိုင်။ ။“ဆရာဝန်နဲ့ အင်တာနက်ကတဆင့် တိုက်ရိုက် အခမဲ့ဆွေးနွေးတိုင်ပင်လို့ ရတယ်လား”
ကိုနေလင်း။ ။ “ဟုတ်တယ် ကိုရန်နိုင်၊ ကျွန်တော် အဲဒီကုမ္ပဏီနဲ့ အဓိကလုပ်ဖြစ်တဲ့ အကြောင်းအရင်းပဲ။ အစ်ကို ပြောသလို အိမ်မှာ အနည်းငယ်နေထိုင်မကောင်းတာတို့၊ နာစေး ချောင်းဆိုးတာတို့၊ ခေါင်းမူးခေါင်းကိုက်တာတွေကို မိုဘိုင်းဖုန်း၊ ကွန်ပျူတာ ရှိရုံနဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင် အကူအညီတောင်းလို့ရတယ်။ ကျွန်တော်တို့ မိသားစုကတော့ အဲဒီဝန်ဆောင်မှုနဲ့တင် တော်ရုံကျန်းမာရေး ပြဿနာလောက်နဲ့ ဆေးခန်းမသွားတော့ဘဲ ဆရာဝန်တွေနဲ့ ဆွေးနွေး တိုင်ပင်လိုက်တယ်။ အခုလောလော ဆယ်တော့ မနက် (၉) နာရီ ကနေ ည (၁၂) နာရီထိ ကြိုက်တဲ့အချိန် မေးလို့ရတယ်။ တကယ့်ဆရာဝန်တွေကိုယ်တိုင် စိတ်ရှည် ရှည်နဲ့ ဆွေးနွေးတိုင်ပင်ပေးတယ်။ စေတနာလည်း တကယ်ကောင်းတယ်။ နောက်ဆို (၂၄) နာရီ ရတော့မယ်လို့ပြောတယ်”။
ကိုရန်နိုင်။ ။“ကောင်းလိုက်တာဗျာ…ကျွန်တော် တော်တော်သဘောကျသွားပြီ ကိုနေလင်းရေ။ အိမ်ပြန်ရောက်ရင် မိန်းမကို ပြောပြလိုက်ပါ့မယ်။”
ကိုနေလင်း။ ။ “ဟုတ်ပါပြီဗျာ၊ ကောင်းကောင်းပြန်ဦး ကိုရန်နိုင်ရေ နောက်မှတွေ့ကြမယ်ဗျာ”။ ။