Telehealth နှင့် မိုဘိုင်းဖုန်း
မိုဘိုင်းဖုန်းသည် နေရာတိုင်းတွင် လူမျိုးမရွေးအသုံးပြုလျှက်ရှိသည်။ ယနေ့ခေတ် မိုဘိုင်းဖုန်းသည် လူတိုင်းနှင့်ကင်း ကွာ၍ မရသောအရာတစ်ခုဖြစ်လာနေပြီဖြစ်သည်။ မိုဘိုင်းဖုန်းသည် ကလေးမှစ၍ လူငယ်၊ လူကြီး၊ သက်ကြီးရွယ် အိုမရွေး အသုံးပြုနေကြပြီဖြစ်သည်။ မိုဘိုင်းဖုန်းကတစ်ဆင့် အင်တာနက်သုံးခြင်းဖြင့် ဗဟုသုတများရရှိနိုင်ပြီး လိုအပ် သည့် သတင်းအချက်အလက်များကို အချိန်နဲ့တပြေးညီ ရှာဖွေနိုင်သည်။ လက်ရှိမြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲမှု အရေအတွက် လူဦးရေ ခြောက်ဆယ်ရာခိုင်နှုန်း အသုံးပြုနေကြပြီဖြစ်သည့်အပြင် ဆက်လက်ပြီး မိုဘိုင်းဖုန်းသုံးစွဲမှု အရေအတွက် မြင့်တက်လာနိုင်သေးပါသည်။ မိုဘိုင်းဖုန်းတစ်ခုဖြစ်လာစေရန် အခြေခံကျကျ စဉ်းစားကြည့်ရာတွင် စက်ရုံအခြေခံလုပ်သားများ၊ နည်းပညာ တတ်ဝန်ထမ်းများ ၊ သုံးစွဲသူလက်ထဲသို့ရောက်ရှိစေရန် ပို့ဆောင်ပေးသောဝန်ထမ်းများစသည်ဖြင့် လူအင်အား မြောက်မြားစွာ ပါဝင်ဆောင်ရွက်ကြရသည်။ စက်ရုံများသည် ယေဘူယျအားဖြင့် အန္တရာယ်များသော လုပ်ငန်းခွင်ဖြစ်သည်။ စက်ယန္တယားကြီးများဖြင့် အလုပ်လုပ်ကြသည်များရှိသလို တခြားသော နည်းပညာမြင့် ကိရိယာမြင့်စက်ကြီးများဖြင့် ထုတ်ကုန်များကို…