ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသော ကမ္ဘာကြီးထဲတွင် ကျန်မားရေးကောင်းမွန်ဖို့ရာ အလွန်အရေးကြီး ပေသည်။ လျင်မြန်စွာပြောင်းလဲလာသောခေတ်နှင့်အတူ ဘ၀ရပ်တည်နေထိုင်မှု၊ စားသောက်မှု အမူအကျင့် များနှင့် စိတ်ပိုင်းဆိုင်ရာခံစားချက်များဟာလည်း တစ်ဖြည်းဖြည်းပြောင်းလဲလာကြသည်။ အချို့သောအပြုအမူ များကြောင့် ကျန်းမာရေးကို အနည်းနှင့်အများ ထိခိုက်လာကြသည်။ ဘ၀နေထိုင်မှုနှင့် ဆက်စပ်နေသော ကျန်း မာစွာနေထိုင်ဖို့ရာ ကျန်းမာရေးအသိပညာ များစွာလိုအပ်ပေသည်။ ကျန်းမာရေး အခြေအနေများ တိုးတက် ကောင်းမွန်စေဖို့ရာ ဆေးဘက်ဆိုင်ရာ ကျန်းမာရေး သတင်း အချက်အလက်များကို သိရှိနားလည်ရန်အတွက် အီလက်ထရောနစ် ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ ဆွေးနွေးဖလှယ်နိုင်သော နည်းစနစ်တစ်ခု မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသည်။ ထိုအရာမှာ Telehealth ပင်ဖြစ်သည်။
Telehealth သည် Mobilephone နှင့် Internet ရှိရုံနှင့် ကုန်ကျစရိတ်သက်သာဆုံးသော ကျန်းမာ ရေးစောင့်ရှောက်မှုကို ရရှိနိုင်မည်ဖြစ်သည်။ သို့သော် ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များ ရရှိနိုင် စေရန်ဆက်သွယ်ပေးသော Mobile Carrier များ၏ အခန်းကဏ္ဍမှာလည်း အလွန်အရေးကြီးပေသည်။ ကျန်းမာ ရေးစောင့်ရှောက်မှုလိုအပ်သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအကြား ချိတ်ဆက်ပေးနိုင်သည့် တစ်ခုတည်းသောအရာလည်းဖြစ်သည်။
မြင့်မားသောကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သော အဖွဲ့အစည်း များ ရှိသော်လည်း ကောင်းမွန်သော အင်တာနက်ချိတ်ဆက်မှုမရရှိပါက လိုအပ်သူများထံ လိုအပ်သောသတင်း အချက်အလက်များရောက်ရှိရန် မလွယ်ကူချေ။ အဝေးမှလူနာများကိုလည်း တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ဖို့ အ တွက် Mobile Carrier များ၏ ပူးပေါင်းပါဝင်မှုမှာ အရေးပါလှသည်။
မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုမှုမှာ ယခင်က နှစ်သန်းအောက်သာရှိခဲ့ပေမဲ့ ယခုအခါတွင် ၃၉ သန်းအထိ တိုးတက်လာသောကြောင့် Mobile Phone ဖြင့် Internet အသုံးပြုမှုမှာ သိသိသာသာ တိုးတက် လာသည်။ ၂၀၁၅ခုနှစ်တွင် ကောက်ခံထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် MPT အသုံးပြုသူ ၁၆သန်း ကျာ် ၊ Ooredoo အသုံးပြုသူ ၈သန်းကျော် နှင့် Telenor အသုံးပြုသူ ၆သန်းကျော် ရှိနေပြီဖြစ်သည်ဟု ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး၏ ၂၀၂၀ ရည်မှန်းချက်မှာ mHealth (Telehealth)၊ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော် မိုဘိုင်းချိတ်ဆက် အသုံးပြုနိုင်ရန်၊ လူဦးရေ ၈၅ ရာခိုင်နှုန်းကျော် အင်တာနက် အသုံးပြုနိုင်ရန်၊ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော် မြန်နှုန်းမြင့်အင်တာနက် အသုံးပြုနိုင်ရန်၊ mEducation (Mobile Education) ၊ မိုဘိုင်းနှင့်ဒီဂျစ်တယ်ပလက်ဖောင်း (Digital Platforms) ၊ Applications Infrastructure ကို အထောက် အပံ့ပေးခြင်း ၊ e-Serve Cyber security ဆောင်ရွက်ချက်များဖြစ်ပါသည်။
ထိုကြောင့် ကောင်းမွန်သောအင်တာနက်ရှိရုံဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံ အချိန်မရွေး ဆက်သွယ်နိုင်ခြင်း၊ အကောင်းဆုံးဆေးကုသမှုဆိုင်ရာစံနှုန်းများဖြင့် ဆရာဝန်များ၏ အွန်လိုင်းမှတဆင့် အနီး ကပ်စောင့်ရှောက်မှုကို ရနိုင်ခြင်း၊ မလိုလားအပ်သောကျန်းမာရေးအခက်အခဲများကို လျော့ကျစေနိုင်ခြင်း စသည့်အကျိုးရလဒ်ကိုလိုအပ်နေသူများရှိနိုင်ပေသည်။ ကုန်ကျစရိတ် အနည်းဆုံးသော ကျန်းမာရေးစောင့် ရှောက်မှုကို အချိန်ပြည့်ရရှိနေသည့်အတွက် ကျန်းမာသောလုပ်ငန်းခွင်တစ်ခု ဖြစ်လာစေသည့်အပြင် အဖွဲ့ အစည်းတစ်ခုလုံး၏ ထုတ်လုပ်မှုစွမ်းအားကိုပိုမို မြင့်တက်လာစေသည်။ တနည်းအားဖြင့် Mobile Carrier များအနေဖြင့်လည်း မိမိတို့ဝန်ထမ်းများ၏ကျန်းမာရေးကို ဂရုစိုက်စောင့်ရှောက်ပေးရာရောက်ပေသည်။ ထို့ကြောင့် ကျန်းမာသော လူနေမှုအဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာစေဖို့ Mobile Carrier များသည်လည်းပူး ပေါင်း ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။