အလှအပဆိုတာ လူတိုင်းအတွက် အရေးပါသည့်အရာတစ်ခုဆိုရင် မမှားချေ။ အလှအပရေးရာသည် မိန်းက လေးများနှင့် သက်ဆိုင်သည်သာမက ယောက်ကျားလေးများအတွက်လည်း လိုအပ်ပါသည်။ အသက်အရွယ် မရွေး အလှအပကို စိတ်ဝင်စားကြသည်။ အလှအပထဲတွင် တစ်ကိုယ်ရေသန့်ရှင်းမှုလည်း ပါဝင်သည်။
ယနေ့ခေတ် အင်တာနက်အသုံးပြုမှုများလာသည့်နောက်ပိုင်း လူငယ်များသည် အင်တာနက်မှရှာဖွေပြီး မိတ်ကပ်လိမ်းခြင်း၊ အလှအပနှင့်ကျန်းမာရေးဆောင်းပါများဖတ်ရှုခြင်း စသည်တို့ကို ပြုလုပ်လာကြသည်။
အလှအပနှင့်ကျန်းမာရေးမှာလည်း အရေးပါသောနေရာမှ ပါဝင်လာသည်ကား အမှန်ပင်။ ယနေ့ခေတ်တွင် အလှအပနှင့်ဆိုင်ရာထုတ်ကုန်များ ဈေးကွက်ထဲသို့ နာမည်အမျိုးမျိုး၊ အမှတ်တံဆိပ်မျိုးစုံစွာဖြင့် အမြောက် အမြား ဝင်ရောက်လာကြသည်။ ကုန်ပစ္စည်းအစစ်များကိုတုပပြီး အတုများလည်း ဈေးကွက်အတွင်း များစွာ နေရာယူလာကြသည်။ သုံးစွဲသူများကလည်း ဝင်ငွေအဆင့်အတန်းအလိုက် တတ်နိုင်သူက ပစ္စည်းကောင်းသုံး ပြီး မတတ်နိုင်သူများက သာမန်ပစ္စည်းများကိုသာ သုံးကြသည်။
အလှကုန်ပစ္စည်းများသည် သုံးစွဲသူအပေါ်မူတည်၍ ဓာတ်မတည့်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။ အလှကုန် ဓာတ်မတည့်ခြင်းမှာ အခြေခံသဘောတရားအရ ပစ္စည်းကောင်းသည် မကောင်းသည်နှင့်မဆိုင်ဘဲ သုံးစွဲသူတို့၏ အသားအရေနှင့်သာ သက်ဆိုင်သည်။ အလှကုန်နှင့်ဓာတ်မတည့်သောကြောင့် ဒုက္ခရောက်ကျသူများ ဒုနှင့်ဒေး ရှိသည်။ ဟိုတလောက ဖေ့ဘုတ်မှာ မိန်းကလေးများကြား ဟိုလေးကျော်ကျာ် ဖြစ်သွားခဲ့သည့် Product တစ်ခု ကို မှတ်မိကြဦးမယ် ထင်ပါသည်။
၂၀၁၆ ခုနှစ်အတွင်း အလှကုန်ပစ္စည်းများကို အွန်လိုင်းရှော့ပင်းများတွင် တင်ရောင်းလာသည်ကို သိသိ သာသာတွေ့ရပါသည်။ အွန်လိုင်းဈေးကွက်မှာ ပိုမိုထိရောက်လာသောကြောင့် Onlineကို အဓိကထားလာကြ သည်။ ထို့နည်းအတူ မိမိတို့၏ Brand Trust ရဖို့ လွန်စွာမှအရေးကြီးလာသည် ။ Product ကို မြန်မာနိုင်ငံ FDA ရဲ့ ထောက်ခံချက်ရဖို့ လိုအပ်သလို အသုံးပြုသူများ၏ လက်ခံနိုင်မှုဟာလည်း လွန်စွာမှ အရေးကြီးလှပါတယ်။ အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ Beauty Product တွေဟာ ကိုယ့်မျက်စိရှေ့မှာ မြင်ရတာမဟုတ်တဲ့အတွက် အတု အစစ်ခွဲခြားဖို့ ခက်ခဲပါတယ်။ ဝယ်ယူအသုံးပြုသူတွေနဲ့ မဝယ်ယူမှီမှာ FDA ထောက်ခံချက် ရှိ/မရှိ ၊ အသုံးပြု သူတို့ရဲ့ Review တွေ Feedbacks တွေကို ဖတ်ပြီးမှ ဝယ်ယူအသုံးပြုဖို့ အကြံပေးချင်ပါတယ်။
အခုမြန်မာပြည်မှာ အွန်လိုင်းကနေကျန်းမာရေးဆိုင်ရာတွေကို အခမဲ့ဆွေးနွေးကူညီပေးနေသော OnDoctor တို့လို Telehealth တွေ ရှိနေပြီ ဖြစ်လို့ ကျွမ်းကျင် ဆရာဝန်တွေဆီက Beauty Products တွေကို အသုံးမပြုမီ အကြံဥာဏ်များ တောင်းယူနိုင်မှာလည်း ဖြစ်သည်။ အလှကုန်ပစ္စည်းများရောင်းချသောသူများက မိမိတို့၏ပစ္စည်းများနှင့်ပတ်သက်ပြီး သုံးစွဲသူကို မှန်ကန်သည့်သတင်းအချက်အလက်ပေးခြင်း၊ နည်းလမ်းတကျ ရှောင်ရန် ဆောင်ရန်များကို သေချာစွာရှင်းပြပေးပါက မိမိတို့ထုတ်ကုန်အပေါ်သုံးစွဲသူ၏ ယုံကြည်မှုမြင့်မားလာ နိုင်သည်။ ထို့အတွက်ကြောင့် မိမိတို့ကုမ္ပဏီ၏ အလှကုန်ပစ္စည်းများရောင်းချသောဝန်ထမ်းများအား အလှအပ နှင့် ကျန်းမာရေးဆက်စက်မှုရှိပုံ၊ မိမိတို့ထုတ်ကုန်နှင့်ပတ်သက်သော Product Knowledge များကို သင်တန်း များ ပို့ချပေးပြီး အလှအပတရားများကို ခံစားမျှဝေလိုက်ကြပါစို့။