ကျန်းမာမှသာ ဖွံ့ဖြိုးနိုင်မှာ အသေအချာ

စီးပွားရေးဖွံ့ဖြိုးမှုအတွက် ကြီးမားသည့်အထောက်အပံ့ကို ပေးသည်မှာ ကောင်းမွန်သည့်ဘဏ္ဍာရေးစနစ်ဖြစ် သည်။ အဆိုပါစနစ်သည် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတို့တွင် ကုန်ကျစရိတ်နှင့်ဆုံးရှုံးမှုကို လျော့ပါးစေ သည်။ ဘဏ္ဍာရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံသူနှင့် စုဆောင်းသူများ၏ လိုအပ်ချက်များကို ကြားမှ ဖြည့်ဆည်း ပေးခြင်းဖြင့် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည်။ ၁၉ ရာစုမှ စတင်ခဲ့သော မြန်မာ့ ဘဏ်လုပ်ငန်းသည် ယခုအချိန်တွင် အစိုးရပိုင်ဘဏ် ၄ ခု၊ အစိုးရတစ်ပိုင်းပိုင် ဘဏ် ၃ ခု၊ ပုဂ္ဂလိကဘဏ် ၁၆ ခုနှင့် နိုင်ငံခြားဘဏ် ၉ ခုတို့သည် ဘဏ်လုပ်ငန်းခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းမှ ပါဝင် လှုပ်ရှားနေကြသည်။ အဆိုပါ ဘဏ်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရေးအတွက် အဓိကအရေးပါသော လူ့စွမ်းအားအရင်းအမြစ်ကို ချန်လှပ်ထား၍ မဖြစ်ပေ။ ဘဏ်လုပ်ငန်း၏ အခန်းကဏ္ဍအသီးသီးတွင် ပါဝင် လှုပ်ရှားဆောင်ရွက်လျှက်ရှိသော ၀န်ထမ်းများလုပ်ငန်းခွင်အတွင်း…

ခေတ်မီကျန်းမာရေးသုံးကိရိယာများ၊ Telehealthစနစ်နှင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ

မြန်မာနိုင်ငံနဲ့ Telehealth ဆက်သွယ်ရေးကဏ္ဍအပေါ် ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာမိုဘိုင်းဖုန်းအသုံးပြုမှုဟာလွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းသိသိသာသာပဲတိုးတက်လာခဲ့ပါတယ်။ ပြည်ပမိုဘိုင်းအော်ပရေတာများကို လုပ်ကိုင်ခွင့် ပေးမှုနဲ့အတူ မြန်မာနိုင်ငံရဲ့မိုဘိုင်းအင်တာနက်အသုံးပြုမှုဟာလည်း တဟုန်ထိုးမြင့်တက်လာခဲ့ပါတယ်။ ကျေးလက်မြို့ပြမကျန်မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ လူငယ်လူကြီးအများစုဟာ စမတ်ဖုန်းယဉ်ကျေးမှုနဲ့ ယဉ်ပါး လာကြပြီး Facebookကဲ့သို့ လူမှုကွန်ယက်တွေကိုလည်း ပိုမိုအသုံးပြုတတ်လာကြပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံမှာTelehealth စနစ်ရှင်သန်ဖို့ရာအတွက် ရေခံမြေခံကောင်းလည်းဖြစ်လာပါတယ်။ Telehealth စနစ်ဟာ မြန်မာပြည်သူတွေအတွက်အနည်းငယ်စိမ်းနေနိုင်ပါသေးတယ်။ Telehealth ဆိုတာက အဝေးတစ် နေရာမှာရှိတဲ့လူနာတွေကိုသတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေ အသုံးပြုပြီး ရောဂါရှာဖွေ ပေးခြင်း၊ ကုသပေးခြင်း၊ အကြံပြုဆွေးနွေးခြင်း၊ ပညာပေးခြင်းစတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပေးတဲ့ ပုံစံတစ်မျိုးဖြစ်ပါတယ်။ ဒီစနစ်ကို အကောင်အထည်ဖော်ရာမှာ အဓိကပုံစံ (၄) မျိုးရှိပြီး အဲဒီထဲကမှ mHealth လို့ခေါ်တဲ့ မိုဘိုင်းဖုန်းကို အသုံးပြုပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ Mobile Health က မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးစနစ်…

ဝေဟင်ထဲအထိ စောင့်ရှောက်ပေးနေမယ့် mHealth

နယ်ပယ်အသီးသီးတွင် အဆင့်မြင့်နည်းပညာများ အသုံးပြုပြီး တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဆေးပညာ ရပ်တွင်လည်း Telehealth ၏ အခန်းကဏ္ဍသည် တနေ့တခြားပိုမိုကျယ်ပြန့်လာနေသည်။ Telehealth ဆိုသည် မှာ နည်းပညာအထောက်အကူပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုဖြစ်ပြီး တနည်းအားဖြင့် ဆေးရုံ၊ ဆေးခန်း များထိ သွားရောက်ကုသခံယူရန်မလိုဘဲ အွန်လိုင်းမှတဆင့် အလွယ်တကူ ရယူနိုင်သည့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုမျိုးဖြစ်သည်။ လက်ရှိအချိန်တွင် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများတွင် အထူးတလည် မိတ်ဆက်နေစရာ မလိုသော်လည်း ကျွန်ုပ်တို့မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် ပြည်သူ့လူထုအတွက် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဗဟုသုတပေးနိုင်သော Telehealth စနစ် ပိုမိုပြန့်ကားလားစေရန်  ကြိုးပမ်းနေကြပြီ။ လူတိုင်းလက်လှမ်းမှီသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးအတွက် Telehealth ၏ တစိတ်တပိုင်းဖြစ်သော mHealth (mobile health) ကို မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော်လျှက်ရှိ သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသာမက ပြည်သူလူထုဘက်မှလည်း…

အထည်ချုပ်လုပ်ငန်းနဲ့ ကျန်းမာရေး

အထည်ချုပ်လုပ်ငန်းနဲ့ ကျန်းမာရေး ကမ္ဘာမှာ ရှိတဲ့လူဦးရေအနက် သန်း ၆၀ ကနေ ၇၅ သန်းလောက်ဟာ အထည်အလိပ်စက်ရုံ၊ အထည်ချုပ်စက်ရုံ စတဲ့စက်ရုံတွေမှာ ၀င်ရောက်လုပ်ကိုင်နေကြပြီး နိုင်ငံတော်တော်များများရဲ့ တန်ဖိုးမြင့်ပို့ကုန်ကဏ္ဍမှာ အထည် ချုပ်လုပ်ငန်းဟာ ထိပ်ဆုံးကရပ်တည်နေပါတယ်။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းတွေက ၂၀၁၆ ခုနှစ် နှစ်ဆန်း ပိုင်းကနေ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ၇၄၅ သန်းကျော်ဖိုး ပြည်ပကို တင်ပို့နိုင်ခဲ့ပါတယ်။ ဒီအချက်အလက်တွေကိုကြည့်ခြင်းအားဖြင့် အထည်ချုပ်လုပ်ငန်းဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသလို အဆိုပါကဏ္ဍမှာ ပါဝင်လုပ်ကိုင်နေကြတဲ့လုပ်သားတွေဟာလည်း လုပ်ငန်းခွင်အတွက်လည်း အရေးပါလှတဲ့ အင်အားစုတစ်ရပ် ဖြစ်နေပါတယ်။ ပြင်ပသက်ရောက်မှုများနဲ့ ကျန်းမာရေး အထည်ချုပ်ဝန်ထမ်းတစ်ယောက်ရဲ့ဝင်ငွေလစာဟာ နည်းပါးလှသလို အဆိုပါဝန်ထမ်းရဲ့ ပညာအရည်အချင်းနဲ့ ကျန်းမာရေးဗဟုသုတပိုင်းနဲ့ပတ်သက်လို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပြင် သူတို့ရဲ့ ကျန်းမာရေးပြဿနာအရပ်ရပ်မှာလည်းမလိုလားအပ်တဲ့ အယူအဆတွေများစွာကြောင့် ဆိုးရွားတဲ့ ထိခိုက်မှုတွေ…

ကျန်းမာရေးစောင့်ရှောက်မှုကို ပံ့ပိုးပေးမယ့် နည်းပညာ

အမေရိကန်နိုင်ငံဆေးရုံများဆိုင်ရာအဖွဲ့အစည်း၏အဆိုအရ အမေရိကန်နိုင်ငံရှိ ၉၀ ရာခိုင်နှုန်းကျော်သော ဆေးရုံများတွင်လူနာများအပေါ် ပိုမိုကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် Telehealth ခေါ် (နည်းပညာအထောက်အကူပြု ကျန်းမာရေးစောင့်ရှောက်မှု) ကို အရှိန်အဟုန်ဖြင့် တိုးမြှင့်အသုံးပြု၍ ကြိုးပမ်းနေကြပြီဖြစ်သည်။ လူနာများအဖို့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ဆေးရုံ၊ဆေးခန်းများထိ သွားရောက် ကုသခံယူရန်မလိုဘဲ အွန်လိုင်းမှတဆင့်စောင့်ရှောက်မှု ရယူလိုက်နိုင်ခြင်းဖြင့် ကုန်ကျစရိတ်များစွာ သက်သာစေရန်လျော့ချပေးနိုင်မည်ဖြစ်သည်။ ယနေ့ချိန်ခါတွင် ကမ္ဘာအနှံ့အပြား၌ Telehealth နည်းပညာသည် လူအများစု၏ လက်တစ်ကမ်းသို့ မိုဘိုင်းဖုန်းကွန်ရက်များမှတဆင့်ရောက်ရှိလာပြီဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် လက်ခံသူ အကြားအနီးဆုံးရောက်အောင် ပို့ဆောင်ပေးမည့် ပေါင်းကူးတံတားသဖွယ်ဖြစ်လာသည်။ ကမ္ဘာအရပ်ရပ်ရှိ ဆေးရုံဆေးခန်းကြီးများတွင်လည်း Telehealth နည်းပညာကို တိုးချဲ့ပြီး ဝန်ဆောင်မှုပေးနိုင်လာခြင်းဖြင့် ရပ်နီး ရပ်ဝေးမှလူဦးရေများစွာတို့အတွက် အချိန်ပိုင်းအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ကျန်းမာရေးစောင့် ရှောက်မှု လွှမ်းခြုံလာနိုင်ပြီဖြစ်သည်။ လွယ်ကူလျင်မြန်သောစောင့်ရှောက်မှုကို လိုအပ်သည့်အချိန်တိုင်း ရရှိနိုင် ခြင်း၊ နေရာဒေသများစွာသို့ လွှမ်းခြုံနိုင်ခြင်းဖြင့် လူထုတစ်ရပ်လုံး၏…

ကျန်းမာရေး အကျိုး၊ ဆက်သွယ်ရေးကဏ္ဍကလည်း ပံ့ပိုး

ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသော ကမ္ဘာကြီးထဲတွင် ကျန်မားရေးကောင်းမွန်ဖို့ရာ အလွန်အရေးကြီး ပေသည်။ လျင်မြန်စွာပြောင်းလဲလာသောခေတ်နှင့်အတူ ဘ၀ရပ်တည်နေထိုင်မှု၊ စားသောက်မှု အမူအကျင့် များနှင့် စိတ်ပိုင်းဆိုင်ရာခံစားချက်များဟာလည်း တစ်ဖြည်းဖြည်းပြောင်းလဲလာကြသည်။ အချို့သောအပြုအမူ များကြောင့် ကျန်းမာရေးကို အနည်းနှင့်အများ ထိခိုက်လာကြသည်။ ဘ၀နေထိုင်မှုနှင့် ဆက်စပ်နေသော ကျန်း မာစွာနေထိုင်ဖို့ရာ ကျန်းမာရေးအသိပညာ များစွာလိုအပ်ပေသည်။ ကျန်းမာရေး အခြေအနေများ တိုးတက် ကောင်းမွန်စေဖို့ရာ ဆေးဘက်ဆိုင်ရာ ကျန်းမာရေး သတင်း အချက်အလက်များကို သိရှိနားလည်ရန်အတွက် အီလက်ထရောနစ် ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ ဆွေးနွေးဖလှယ်နိုင်သော နည်းစနစ်တစ်ခု မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသည်။ ထိုအရာမှာ Telehealth ပင်ဖြစ်သည်။ Telehealth သည် Mobilephone နှင့် Internet ရှိရုံနှင့် ကုန်ကျစရိတ်သက်သာဆုံးသော ကျန်းမာ ရေးစောင့်ရှောက်မှုကို ရရှိနိုင်မည်ဖြစ်သည်။ သို့သော် ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များ…

လူတိုင်းအတွက်လိုအပ်တဲ့ စစ်မှန်တဲ့ကျန်းမာရေးအာမခံချက်

“ဟူး…ငါ့ယောက်ျားထွက်သွားတာကြာပြီ၊ အခုထိပေါ်မလာသေးဘူး။” အဖျားတက်နေတဲ့ သမီးငယ် ယွန်းယွန်းကို အိပ်ယာပေါ်မှာပြုစုပေးရင်း စိုရိမ်ပူပင်သောကတွေပြည့်နေတဲ့ မေခင်တစ်ယောက် ခင်ပွန်းဖြစ်သူ ကိုရန်နိုင်ကိုစောင့်မျှော်နေသည်မှာ နာရီဝက်ကျော်မျှရှိနေသည်။ ခဏအကြာ ဆရာဝန်နှင့်အတူ ရေးကြီးသုတ်ပျာရောက်လာတဲ့ ကိုရန်နိုင်ကို မြင်မှ မေခင် စိတ်အေးနိုင်တော့တယ်။ မေခင် ။   ။ ဆရာရေလုပ်ပါဦး သမီးတော်တော်အဖျားတက်နေတယ်။ မနေ့ညက ကိုယ်အဲဒီလောက်မပူသေးဘူး။ အခုမှ အပူအရမ်းတက်နေတယ်ဆရာ။ ဆရာဝန် ။   ။ သမီးက တော်တော်ဖျားနေတာပဲ မမေခင်။ မေခင် ။   ။ ဆရာ သမီး ဘာဖြစ်တာလဲမသိဘူးနော်။ ဆရာဝန် ။   ။ အရမ်းမစိုးရိမ်ပါနဲ့ မမေခင်။ သမီးအဖျားက ရိုးရိုးအဖျားပါ။ ဒါပေမဲ့ သမီးကိုယ်တွေ အရမ်းပူနေတယ် မမေခင်။ သမီးကို ဘာဆေးတွေတိုက်ထားလဲမသိဘူး။ မေခင် ။   ။…

ဗျူဟာသစ်

ဒီဇင်ဘာညရဲ့ ည ၇ နာရီအချိန်။ ရန်ကုန်မြို့ကြီးက လှုပ်ရှားဆဲ၊ ပလက်ဖောင်းတွေကလူနင်းခံရမြဲ၊ ကားတွေက ကြိတ်ကြိတ်တိုးမြဲ။ ပုံမှန် ၁၀ မိနစ်ခန့်သာ ကြာတဲ့ မီးပွိုင်တွင် ၃ခါပြန်မိပြီးနာရီဝက်ကြာနေသောကြောင့် BRT Bus ပေါ်တွင် ခရီးသည်များ လှုပ်စိလှုပ်စိယွစိယွစိဖြစ်နေကြသည်။ အိမ်ပြန်နောက်ကျတော့မည်။ မတ်တပ်ရပ်ရတာ ညောင်း လှပြီ။ ဆရာမတစ်ယောက် ဂိုက်သင်ချိန် ရွှေ့လိုက်ရပြီ။ ဆူညံဆူညံလူစုနဲ့ကင်းကွာပြီး နောက်ဆုံးတန်းမှန်ဘေးခုံတွင်ငြိမ်ငြိမ်လေးကွေးပြီး ငြိမ်ငြိမ်လေးတွေး နေသည်က ကိုသက်နိုင်ဖြစ်သည်။ မျက်လုံးအကြောင်သားဖြင့် တုတ်တုတ်မျှမလှုပ်။ သက်ပြင်းသာ ငါးမိနစ် တစ်ခါချ မနေရင် ဘေးနားကလူက သူရှိမှန်းပင် သတိထားမိမည်မဟုတ်။ ကားပိတ်သည့်ကိစ္စထက် သူ ဆယ်ဆခန့် စိတ်ညစ်နေသည်။ အကြောင်းက နှစ်ကုန်တွင် Marketing Plan တင်ရမည့် အစည်းအဝေးကြောင့် ဖြစ်သည်။ ဆုပေးဒဏ်ပေးဖြစ်သောကြောင့် သူအမှန်အကန် စဉ်းစားနေရသည်။…

လှနေစေချင်

အလှအပဆိုတာ လူတိုင်းအတွက် အရေးပါသည့်အရာတစ်ခုဆိုရင် မမှားချေ။ အလှအပရေးရာသည် မိန်းက လေးများနှင့် သက်ဆိုင်သည်သာမက ယောက်ကျားလေးများအတွက်လည်း လိုအပ်ပါသည်။ အသက်အရွယ် မရွေး အလှအပကို စိတ်ဝင်စားကြသည်။ အလှအပထဲတွင် တစ်ကိုယ်ရေသန့်ရှင်းမှုလည်း ပါဝင်သည်။ ယနေ့ခေတ် အင်တာနက်အသုံးပြုမှုများလာသည့်နောက်ပိုင်း လူငယ်များသည် အင်တာနက်မှရှာဖွေပြီး မိတ်ကပ်လိမ်းခြင်း၊ အလှအပနှင့်ကျန်းမာရေးဆောင်းပါများဖတ်ရှုခြင်း စသည်တို့ကို ပြုလုပ်လာကြသည်။ အလှအပနှင့်ကျန်းမာရေးမှာလည်း အရေးပါသောနေရာမှ ပါဝင်လာသည်ကား အမှန်ပင်။ ယနေ့ခေတ်တွင် အလှအပနှင့်ဆိုင်ရာထုတ်ကုန်များ ဈေးကွက်ထဲသို့ နာမည်အမျိုးမျိုး၊ အမှတ်တံဆိပ်မျိုးစုံစွာဖြင့် အမြောက် အမြား ဝင်ရောက်လာကြသည်။ ကုန်ပစ္စည်းအစစ်များကိုတုပပြီး အတုများလည်း ဈေးကွက်အတွင်း များစွာ နေရာယူလာကြသည်။ သုံးစွဲသူများကလည်း ဝင်ငွေအဆင့်အတန်းအလိုက် တတ်နိုင်သူက ပစ္စည်းကောင်းသုံး ပြီး မတတ်နိုင်သူများက သာမန်ပစ္စည်းများကိုသာ သုံးကြသည်။ အလှကုန်ပစ္စည်းများသည် သုံးစွဲသူအပေါ်မူတည်၍ ဓာတ်မတည့်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။ အလှကုန် ဓာတ်မတည့်ခြင်းမှာ…

အမှန်တကယ်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု

ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်သူ ကိုစိုင်း မနက်စောစောထ၍ အတူတူလမ်းလျှောက်ဖြစ်ခဲ့တာ တစ်နှစ်ကျော်မျှ ရှိခဲ့ပြီ။ အကျိုးရလဒ်အနေနဲ့ ခန္ဓာကိုယ် ကျန်းမာရေးတစ်နေ့တစ်ခြား ပို၍ထူးခြားကောင်းမွန်လာခဲ့တယ်။ ဒါပေမဲ့ မပြောင်းလဲခဲ့တဲ့အရာက ကိုစိုင်းတစ်ယောက်ပင်။ တစ်မနက်လုံးလမ်းလျှောက်ပြီးလို့အပြန် လမ်းထိပ်က စတိုး ဆိုင်ဝင်ပြီး အအေးဝယ်သောက်နေတာ ကျွန်တော်နဲ့ တွေ့ကတည်းက အခုချိန်ထိပါပဲ။ သူ ဘာကြောင့် အဲဒီလောက်ထိစွဲနေမှန်း ကျွန်တော်နားမလည်နိုင်ဘူး ဖြစ်နေတယ်။ အအေးမကြိုက် တတ်တဲ့ကျွန်တော် တစ်နေ့သူ့နောက်လိုက်ပြီး အအေးဝယ်သောက်မယ်ဆိုပြီး လိုက်သွားမိတယ်။ အမျိုးအစား စုံလင်စွာထည့်ထားတဲ့ရေခဲသေတ္တာကို ကျွန်တော်တွေ့လိုက်မိတဲ့နောက်မှာတော့ ကိုစိုင်းဘာကြောင့် စွဲသောက် နေသည်ကို နည်းနည်းနားလည်လာသလို ရှိတယ်။ အအေးမကြိုက်တတ်သူ ကျွန်တော်တောင်မှ သောက်ချင် စိတ်တွေ တဖွဖွ ဖြစ်လာတယ်။ မနေနိုင်တာနဲ့ အအေးတစ်ဘူးဝယ်ပြီး ပြန်ထွက်လာခဲ့တယ်။ လမ်းတစ်လျှောက် အအေးသောက်ရင်း စဉ်းစားလာခဲ့တာ ကိုစိုင်းနဲ့ စကားတောင် မပြောဖြစ်ခဲ့ဘူး။…