ဝန်ထမ်းတွေ ခွင့်မယူရဘူးလား
ဒီကနေ့  စီးပွားရေးလုပ်ငန်းခွင်တွေ အများဆုံးကြုံတွေ့  နေရတဲ့ ဝန်ထမ်းရေးရာ စိန်ခေါ်မှုတွေထဲမှာ ဝန်ထမ်းများ ခွင့်ယူခြင်းက အဓိကပါဝင်နေပါတယ်။ လုပ်ငန်းခွင်တွေအနေနဲ့  နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေသတွေနဲ့  အညီ ဝန်ထမ်းများခွင့်ယူနိုင်ဖို့ အတွက် ဝန်ထမ်းရေးရာမူဝါဒနဲ့  စည်းမျဉ်းစည်းကမ်းတွေ ထားကြပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေဟာ စည်ကမ်းလိုက်နာသူတွေအတွက် နစ်နာမှုမရှိစေဖို့ ရာ ရည်ရွယ်သော်လည်း ဝန်ထမ်းတွေအတွက် မဖြစ်မနေခွင့်ယူရတဲ့ အကြောင်းအရာတွေက အကြိမ်ကြိမ်ကြုံနေရတာကြောင့် ဝန်ထမ်းရော လုပ်ငန်းခွင်ပါ အခက်အခဲရှိကြပါတယ်။ ခွင့်ယူရခြင်းအကြောင်းရင်းကို အဖြေရှာကြည့်တဲ့အခါ ကျန်းမာရေးနဲ့  တစ်နည်းတစ်ဖုံပါတ်သက်နေတာကို သတိပြုမိကြမှာပါ။ ကိုယ်တိုင်နေမကောင်းခြင်းသာမက မိသားစုဝင်တစ်ဦးဦးနေမကောင်းခြင်းကလည်း ခွင့်ယူရမယ့် အခြေအနေတွေ ဖြစ်စေတာကို တွေ့ ရပါတယ်။ ကျန်းမာရေးရာ စိန်ခေါ်မှုတွေဟာ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ဈေးကွက်ထဲကလုပ်ငန်းခွင်တွေရော ဘက်ပေါင်းစုံဖိအားတွေနဲ့ ဝန်ထမ်းတွေအတွက်ပါ…