ဆေးရုံဆေးခန်းများရှိ ကျန်းမာရေးဝန်ထမ်းများ ကြုံတွေ့ရနိုင်သည့် ဘေးဥပါဒ်အန္တရာယ်များ

ယခင်အချိန်က ကျန်းမာရေးပြဿနာတစ်စုံတစ်ရာဖြစ်လျှင် ပြသနိုင်သည့် ဆေးရုံဆေးခန်းအရေအတွက်မှာ အလွန်တရာ နည်းပါးလွန်းလှသည်။ ယခုအခါတွင် ခေတ်မှီတိုးတက်လာသည်နှင့်အမျှ ဆေးရုံဆေးခန်းများ မှာလည်း အင်မတန်များပြားလာသည်မှာ ဝမ်းသာဖွယ်တွေ့မြင်နိုင်ပေသည်။ အစိုးရ ဆေးရုံဆေးခန်းများအပြင် ပုဂ္ဂလိကဆေးရုံဆေးခန်းများမှာလည်း ရန်ကုန်မြို့ရှိနေရာတော်တော်များများတွင် တွေ့မြင်နိုင်သည်သာမက အချို့မြို့နယ်များတွင်ပင်တွေ့မြင်နိုင်ပေသည်။ ဆေးရုံဆေးခန်းများ ပေါများလာသည်နှင့်အမျှ ထိုဆေးရုံဆေးခန်းများတွင် အလုပ်လုပ်ကိုင်သည့် ကျန်းမာဝန်ထမ်းများလည်း များပြားလာကြသည်။ ထိုကျန်းမာရေးဝန်ထမ်းများသည် နာမကျန်းသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို များစွာသော ဘေးဥပါဒ်အန္တရာယ်များစွာကြားမှ ပေးနေကြရခြင်းဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းများ ရင်ဆိုင်ကြုံတွေ့နိုင်သော ဘေးဥပါဒ်အန္တရာယ်များမှာ အဘယ်နည်း။ ဆေးရုံဆေးခန်းအများစုသည် လူနာများသက်တောင့်သက်သာရှိစေရန်အတွက်  အလုံပိတ်ခန်းတွင် လေအေးပေးစက်များကို တပ်ဆင်ထားလေ့ရှိသည်။ ထိုကြောင့် လေမှတဆင့်ကူးစက်နိုင်သော TB ရောဂါ၊ တုပ်ကွေးရောဂါများ၊ ဝက်သက်ရောဂါအစရှိသည့်ရောဂါများဖြစ်ပွားရန် လွယ်ကူလှပေသည်။ ထို့ပြင် လူနာများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့်အတွက် မျက်စိနာရောဂါများ၊ ဝဲရောဂါများစသည့် ကူးစက်ရောဂါများလည်း ဖြစ်နိုင်ပါသည်။ WHO…

လုပ်ငန်းခွင်အတွက် ဘေးကလူ

ကုရာနတ္တိ ဆေးမရှိဆိုတဲ့ ကြောက်မက်ဖွယ်ရာ ဆောင်ပုဒ်နဲ့အတူ မျှော်လင့်ချက်မရှိတော့တဲ့ ဘ၀တွေကို ပိုင်ဆိုင်ရတော့မယ်လို့ ခံယူထားတဲ့ HIV ရောဂါဝေဒနာရှင်တွေဟာ အခုဆိုရင် မျှော်လင့်ချက် အလင်းရောင်တွေကို မြင်တွေ့ နေရပါပြီလို့ ဆိုရမှာပါ။ ၂၀၁၄ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးမှာ HIV ရောဂါပိုးရှိသူ ၃၉ သန်းရှိခဲ့ရာကနေ ၂၀၁၅ ခုနှစ်တွင် ရောဂါပိုးရှိသူဦးရေ ၃၆.၇ သန်းသာ ရှိခဲ့တဲ့အတွက် နောက်နှစ်တွေမှာ ဒီထက်ထပ်မံ လျော့နည်းသွားဖို့ မျှော်လင့်ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာလည်း HIV ရောဂါပိုးရှိသူ နှစ်သိန်းကျော် ရှိနေတယ်လို့ http://www.aidsdatahub.org ရဲ့ အချက်အလက်အရ သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း AIDS/ HIV ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတော်ရန်ပုံငွေ တိုးမြှင့်သုံးစွဲဖို့လျာထားပါတယ်။အဖက်ဖက်ကနေ အဆိုပါရောဂါကို တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေကြပေမဲ့ ရောဂါဝေဒနာရှင်တွေအတွက် ပြန်လည်ထူထောင်ရေးကဏ္ဍကိုလည်း ပစ်ပယ်ထားလို့ မရပါဘူး။…

အလှူရှင်တွေ လိုအပ်နေတဲ့ ရောင်ခြည်သစ် ကုသိုလ်ဖြစ်အခမဲ့ ဆေးခန်း

ဆေးခန်းဖွင့်ရတဲ့ရည်၇ွယ်ချက်ကတော့ ကိုယ်တတ်ထားတဲ့ ဆေးပညာကို ပြည်သူလူထုအကျိုးပြုလုပ်ငန်းလေးတစ်ခုကို တစ်ထောင့်တစ် နေရာကနေပါဝင်ချင်တာရယ်၊ တိုင်းပြည်ပြန်လည်တည်ဆောက်နေတဲ့အချိန်မှာ ကျန်းမာရေးကဏ္ဍအတွက် ကိုယ်နိုင်တဲ့ကဏ္ဍကနေ နှမ်းတစ် စေ့ပဲဖြစ်ဖြစ်၊ ဆီဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ရည်၇ွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာ ကျော်စွာဦးက ဆိုပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလဆန်းပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ရောင်ခြည်သစ်ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းဟာ အခုဆိုရင် လေးနှစ်ကျော် သက်တမ်းရှိခဲ့ပါပြီ။ “လက်ရှိအဓိက အခက်အခဲကတော့ ဘဏ္ဍာငွေ ပြဿနာပါ။ အရင်ဆုံးကတော့ လူနာတွေကို နှစ်ပတ်စာ၊ တစ်ခါတလေ တစ်လစာ တောင် ဆေးတွေ ပေးနိုင်ခဲ့တယ်။ ဒီ လေးငါးခြောက်လအတွင်းမှာ မပေးနိုင်တော့ဘူး၊ ကျွန်တော်တို့က နှစ်ပတ်တော့ ပြန်ချိန်းတယ်။ တစ်ပတ်စာ ပေးတယ်၊ နောက်တစ်ပတ်စာကိုတော့ ၀ယ်သောက်ခိုင်းတယ်။ အလှူရှင်တွေကလည်း ပန်းလာပြီ။ ကျွန်တော်တို့ တစ်ခုတည်း တင် မဟုတ်ပါဘူး၊ တခြားလှူဒါန်းထားတဲ့နေရာတွေလည်း…

ကင်ဆာရောဂါ မှတ်ပုံတင် Application Phone များ ပေးအပ်ပွဲ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးသုတေသနဦးစီးဌာနက လှည်းကူး မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး Implementation Pilot Study: The Application of Telemedicine as a Tool for Population-based cancer registry in Hlegu Township, Yangon Region, Myanmar သုတေသနလုပ်ငန်းတွင် အသုံး ပြုနိုင်ရန်အတွက် ကင်ဆာရောဂါမှတ်ပုံတင် Application ထည့်သွင်းထားတဲ့ တယ်လီဖုန်းများ ပေး အပ်ပွဲကို ၂၀၁၇ ခုနှစ်၊ မေလ ၁၀ ရက်က လှည်းကူးမြို့နယ်ရှိ ပြည်သူ့ဆေးရုံမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Application ကို DMR Application လို့ အမည်ပေးထားပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေသာ သုံးစွဲခွင့်ရမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက…

OnDoctor Telehealth Solutions ၏ Initiative တစ်ခုဖြစ်သည့် Good for Business, Good for Health

Universal Health Coverage (UHC) ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးလွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတွင် OnDoctor Telehealth Solutions ၏ Initiative တစ်ခုဖြစ်သည့် Good for Health Good for Business (ကျန်းမာပျော်ရွှင်သောလုပ်ငန်းခွင်) မိတ်ဆက်ပွဲကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်က နေ့လည် ၁ နာရီခွဲကနေ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ရှိ Chatrium Hotel Grand Ballroom မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က “Healthy Workplace means Healthy Business” ခေါင်းစဉ်နဲ့ အမှာစကားပြောကြားခဲ့ပြီး ပါမောက္ခဒေါက်တာ S ကျော်လှ က “Telehealth Role…

OnDoctor ရဲ့ ပထမဆုံးခြေလှမ်းတစ်ရပ်

OnDoctor (ကျန်းမာရေးအမေးအဖြေ) ရဲ့ Creating a Better World through Health Education ဆောင်ပုဒ်နဲ့အညီ ပထမဆုံးခြေလှမ်းတစ်ရပ်အနေနဲ့ ရန်ကုန်မြို့ရှိ မေရီချက်(ပ်)မင်း နားမကြားသောကလေးများကျောင်း၊ လူမှုဝန်ထမ်းဝန်ကြီးဌာန လက်အောက်ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းတို့တွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုပံ့ပိုးပေးနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်က သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အဆိုပါ ကျောင်းများရှိတာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ကျန်းမာရေးဆိုင်ရာ မေးခွန်းများ မေးမြန်းပုံ၊ ကျန်းမာရေး အသိပညာ ဗဟုသုတတွေကို OnDoctor (ကျန်းမာရေးအမေးအဖြေ) ရဲ့ Website ၊ Facebook Page ၊ Viber Public Chat နဲ့ Mobile app စတာတွေကနေ အွန်လိုင်းကနေတစ်ဆင့် အခမဲ့ ဖတ်ရှုလေ့လာနိုင်ကြောင်း…

ဝန်ထမ်းများနှင့် Absenteeism

Absenteeism ဆိုတာဘာလဲ ဝန်ထမ်းတစ်ဦးဟာ လုပ်ငန်းခွင်ကနေ အကြောင်းတစ်ခုခုကြောင့် ပုံမှန်ပျက်ကွက်နေခြင်းကို Absenteeism လို့ခေါ်ပါတယ်။ ဝန်ထမ်းတစ်ဦးအနေနဲ့ တစ်နှစ်မှာ ခွင့်ရက်အနည်းငယ် ယူခြင်းက ပုံမှန်အခြေအနေဖြစ်ပေမယ့် လိုအပ်တာထက်ပိုပြီး အလုပ်ပျက်ကွက်ခြင်း ကတော့ လုပ်ငန်းရဲ့ ကုန်ထုတ်လုပ်မှုကို ကျဆင်းစေပြီး ဘဏ္ဍာရေးပိုင်းကိုလည်း ထိခိုက်စေရုံသာမကပဲ အခြားသော ဆိုးကျိုးများကိုလည်းဖြစ်ပေါ်စေပါတယ်။  ဘယ်လိုအကြောင်းရင်းတွေက Absenteeism ကို ဖြစ်စေသလဲ Absenteeism ကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိတဲ့အနက် အောက်ပါအချက်တွေက အဓိကကျတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဝန်ထမ်းကိုယ်တိုင် နေထိုင်မကောင်းဖြစ်ခြင်း မိသားစုဝင်များ နေထိုင်မကောင်းဖြစ်သဖြင့် စောင့်ရှောက်ရခြင်း လုပ်ငန်းခွင်၌ ထိခိုက်ဒဏ်ရာရရှိခြင်း အလုပ်တာဝန်များပြားသောကြောင့် စိတ်ဖိစီးခြင်း စိတ်ဓာတ်ကျဆင်းခြင်း Absenteeism က လုပ်ငန်းခွင်ကို ဘယ်လိုထိခိုက်စေနိုင်သလဲ Absenteeism ဟာ အဓိကအားဖြင့် လုပ်ငန်းရဲ့ ထုတ်လုပ်နိုင်စွမ်းအား (productivity)…